ဘိုင်ယန် ကွင်းလယ်လူ အသင်းကို စွန့်ခွာရန် စိတ်ကူး မရှိဟုဆို

alt

ဘိုင်ယန် မြူးနစ် ကွင်းလယ်လူ ဖရန့် ရစ်ဘာရီက ၎င်းသည် အသင်းကို စွန့်ခွာရန် စိတ်ကူး မရှိကြောင်း ပြောဆို လိုက်သည်။

အသက် (၂၆)နှစ်ရှိ ပြင်သစ် လက်ရွေးစင် သည် ဂျာမန်ထိပ်တန်း အသင်းကြီး၏ အေလီယန် အားကစား ကွင်းကြီးတွင် နောက်ရာသီ ဆက်ရှိ နေမည် ဖြစ်ကြောင်း အတည်ပြု ခဲ့သည်။ ၎င်းသည် ယခင်က ရီးရဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့ လိုသည်ဟု ပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြ နေသည်မှာလည်း အမှားများသာ ဖြစ်ကြောင်း ရစ်ဘာရီ ကဆိုသည်။

ရစ်ဘာရီအား ရီးရဲလ် အပြင် ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီး၊ မန်ချက်စတာ ယူနိုက်တက် စသော ဥရောပထိပ်သီး အသင်းကြီး များကလည်း စိတ်ဝင်စား နေကြသေးသည်ဟု ဆိုသည်။ သို့သော်လည်း ရစ်ဘာရီက ၎င်းသည် ဘိုင်ယန်ကို စွန့်ခွာပြီး ရီးရဲလ်သို့ ပြောင်းရွှေ့မည်ဟု မည်သည့် အခါကမျှ မပြောခဲ့ဖူးပါဟု Telegraph သတင်းဌာနသို့ ဖွင့်ဟ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အချိန်တွင် ဘိုင်ယန် အသင်းနှင့် အဆင်ပြေနေသလို ကစားဖော်များ၊ ပရိသတ်များ ကလည်း ၎င်းကို အလိုရှိနေကြောင်း၊ ထို့ကြောင့်လည်း ဘိုင်ယန်မှ ထွက်ခွာရန် အစီအစဉ် လုံးဝ မရှိကြောင်း ရစ်ဘာရီ ကဆိုသည်။

၎င်းက ထိုသို့ ငြင်းဆန် နေသည့်တိုင် ရီးရဲလ် ကမူ အသင်းမှ ဟော်လန် လက်ရွေးစင် (၂)ဦးဖြစ်သည့် ရာဖေးဗန်ဒါဗတ်၊ အာဂျန်ရော်ဘင် တို့အပြင် ယူရိုငွေ သန်း(၆၀) အထိပေးကာ ဘိုင်ယန်ထံ ကမ်းလှမ်းမှုများ ပြုလုပ်ဖွယ် ရှိကြောင်း သတင်းကြီးနေခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here