ကံကောင်း လှသည့် လေထီး ခုန်သမား

alt

အပျော်တမ်း လေထီး ခုန်သူတဦးသည် အမြင့်ပေ (၁၀၀၀)မှ မြေပေါ်သို့ အရှိန်နှင့် ကျလာသော်လည်း အသက် မသေခဲ့ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံမှ အသက်(၄၀) အရွယ် ပေါလီးဝစ်သည် ပြီးခဲ့သည့် သီတင်းပါတ် အတွင်း အမြင့်ပေ (၁၀၀၀၀)မှ လေထီး ခုန်ချကာ လေဟုန် စီးနေခဲ့ပြီး အမြင့်ပေ (၁၀၀၀)ခန့် အရောက်တွင် လေထီး ဖွင့်ခဲ့သော်လည်း မပွင့်သဖြင့် အရှိန်ပြင်းစွာ မြေပြင်သို့ ကျလာခဲ့ခြင်း ဖြစ်သည်။

လီးဝစ်သည် လေဆိပ်ရှိ လေယာဉ်ထားရှိရာ အဆောက်အအုံ တခု၏ အမိုးပေါ်သို့ ခြေပစ်လက်ပစ် ပြုတ်ကျခဲ့ရာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေကို ကျော်သွားပြီဟု စတက်ဖို့တ် ရှိုင်းယား ဆေးရုံမှ ဆရာဝန်များက ဆိုသည်။

၎င်းအား အသက်လု ခွဲစိတ်မှုများ ပြုလုပ်ပြီးနောက် တည်ငြိမ်မှု ရှိနေပြီဟု ဆေးရုံမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အတည်ပြုခဲ့သည်။ ဆရာဝန်များက လီးဝစ်သည် အဆောက်အအုံ ခေါင်မိုးပေါ်သို့ ကျခဲ့သဖြင့် သက်သာရာ ရခဲ့ခြင်းဖြစ်ပြီး ၎င်း ကျဆင်းလာသည့် အရှိန်မျိုးနှင့် ကွန်ကရစ် ကြမ်းပြင်ပေါ် သို့သာ ရောက်ရှိခဲ့မည် ဆိုလျှင် (၁၀)ပေ အမြင့်မှပင် အသက်ရှင်ဖွယ် မရှိဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

၎င်း လေထီးခုန်သည်ကို စောင့်ကြည့်ခဲ့သည့် အပျော်တမ်း လေထီး ကလပ်ပိုင်ရှင် ကောလင်း ဖစ်မောရိုက် က လေထီးမပွင့်ဘဲ အရှိန်နှင့် ကျဆင်းလာသည့် လီးဝစ်ကို တွေ့မြင် ရပြီးနောက် တစုံတခု မှားယွင်းနေပြီဟု သံသယ ရှိနေမိကြောင်း၊ လီးဝစ်သည် အလွန် ကံကောင်းသူ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here