မိုက်ကယ်ဂျက်ဆင် သေဆုံးမှု ဖြစ်ရပ် ဆရာဝန်၏ ရှင်းလင်းချက် ဗီဒီယို ထွက်ပေါ်လာ

alt

မိုက်ကယ် ဂျက်ဆင် ကွယ်လွန်ပြီး နောက် ၎င်း၏ ဆရာဝန် ဒေါက်တာ ကွန်းရက်မာရေး မှာ ဩဂုတ်လ (၁၉)ရက် နေ့က ပထမဆုံး အကြိမ် လူအများ ရှေ့သို့ ပြန်လည် ထွက်ပေါ် လာခဲ့သည်။

ကမာ္ဘကျော် Pop အဆိုတော်ကြီး ကွယ်လွန် မှုတွင် တာဝန် မကင်းကြောင်း စွပ်စွဲမှု အချို့နှင့် ရင်ဆိုင် နေရသူ အသက် (၅၁)နှစ် အရွယ် ဆရာဝန်က ၎င်းသည် ဂျက်ဆင် သေဆုံးမှုတွင် အရှုပ်အထွေး လုံးဝ မလုပ်ခဲ့ကြောင်း ပြောဆိုသွားသည်။

(၁) မိနစ်သာ ကြာပြီး YouTube တွင် တင်ထားသည့် မာရေး၏ ဗီဒီယို Clip တွင် ဂျက်ဆင် သေဆုံးသည့် အတွက် ၀မ်းနည်း မိပါကြောင်း၊ အများ ထင်သကဲ့သို့ ဂျက်ဆင် သေဆုံးမှုတွင် ၎င်းအနေနှင့် ၀င်ရောက် ပတ်သက်နေမှု လုံးဝ မရှိကြောင်း မာရေးက ပြောကြားလိုက်သည်။

ဒေါက်တာ မာရေးသည် ဂျက်ဆင်အား တားမြစ် ဆေးဝါးများ သုံးစွဲစေခဲ့ကြောင်း သတင်းများ ပြန့်နှံ့ ခဲ့ပြီးနောက် တာဝန် ရှိသူများက မာရေး၏ ဆေးခန်းကိုပင် ၀ရမ်းထုတ်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဂျက်ဆင် သေဆုံးမှုမှာ မည်သူ့ ပယောဂမှ မပါကြောင်း လော့စ်အိန်ဂျယ်လိစ် ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

သို့တိုင်အောင် ဂျက်ဆင်၏ မိသားစုနှင့် အစွန်းရောက် ပရိသတ် အချို့ တို့က ဒေါက်တာ မာရေးသည် ဂျက်ဆင် သေဆုံးမှုနှင့် ဆက်နွယ်နေသည်ဟု စွပ်စွဲ ယုံကြည်နေဆဲ ဖြစ်သည်။ ဒေါက်တာ မာရေး ကမူ ထိုကိစ္စတွင် ၎င်းမှာ အလွန်ရိုးသားပြီး ရှင်းရှင်းလင်းလင်း ရှိနေခဲ့ကြောင်း ဗီဒီယို Clip မှ တဆင့် ဖွင့်ဟ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here