UFO ပန်းကန်ပြားပျံများ အကြောင်း ဗြိတိန်အစိုးရ ထပ်မံ သတင်းထုတ်ပြန်

alt

ဗြိတိန် အစိုးရသည် UFO ခေါ် ပန်းကန်ပြား ပျံဟု ယူဆရသည့် အမည်မသိ အရာဝတ္ထုများ အကြောင်း မှတ်တမ်းများကို ထပ်မံ ထုတ်ပြန် ပေးလိုက်ပြီ

ဖြစ်သော်လည်း ထိုအရာများ အကြောင်း သည်းသည်းကွဲကွဲ မသိရှိ နိုင်သေးဟု ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ၊ ကာကွယ်ရေး ၀န်ကြီး ဌာနသည် နိုင်ငံအတွင်း လာရောက် အခြေစိုက်သည့် အမေရိကန် လေတပ်မှ အရာရှိတဦး ညဘက်တွင် တွေ့မြင် လိုက်ရသည့် ပြောင်ပြောင်လက်လက် နှင့် လျင်မြန်စွာ ပျံသန်းသွားသော အရာအကြောင်း မှတ်တမ်း တင်ထားသည့်တိုင် ထိုအရာ၏ ပုံသဏ္ဍာန် နှင့် ရောက်ရှိလာရာ ဇာတိ ဒေသတို့ကို ယခုတိုင် မဖော်ထုတ် နိုင်သေးပေ။

ဩဂုတ်လ (၁၇)ရက် နေ့က အမျိုးသား မော်ကွန်းဌာနသည် အစိုးရမှ လျှို့ဝှက် သိမ်းဆည်းထားသော UFO ဆို်င်ရာ မှတ်တမ်းများကို ထုတ်ပြန် ပေးလိုက်သည့်တိုင် UFO များ၏ ဒဏ္ဍာရီမှာ မေးခွန်းများနှင့် ပြည့်နှက် နေဆဲဖြစ်သည်။ မှတ်တမ်းများ အတွင်း (၁၉၈၀)ပြည့်လွန် နောက်ပိုင်း ဗြိတိန်၏ နာမည်ကျော် UFO ဖြစ်ရပ် ဆန်းတိုင်းနှင့် ပတ်သက်သော လေ့လာ သိရှိသမျှ အချက်အလက် များကို ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။

မော်ကွန်း ဌာန၏ အဆိုအရ ယခု ထုတ်ပြန်ပေးသော မှတ်တမ်းများတွင် ပန်းကန်ပြားပျံ ဆိုင်ရာ ဖြစ်ရပ်ဆန်း (၈၀၀)မျှ ပါရှိပြီး စာမျက်နှာ (၄၀၀၀)ကျော်ဖြင့် ရေးသား ဖော်ပြထားကြောင်း သိရှိရသည်။

ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာနသည် လွန်ခဲ့သော (၃)နှစ်မှ စကာ UFO ဆိုင်ရာ မှတ်တမ်းများကို တစထက် တစ ထုတ်ပြန် ပေးလျှက် ရှိနေကြောင်း သတင်းများက ဖော်ပြ သွားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here