ဂျပန်နိုင်ငံ တောင်ပိုင်း ငလျင် လှုပ်ခတ်၍ ဆူနာမီ သတိပေးချက် ထုတ်ပြန်

alt

ဂျပန်နိုင်ငံ တောင်ပိုင်းသို့ ဦးတည် လှုပ်ခတ်သွားသည့် ငလျင်ကြောင့် ဩဂုတ်လ (၁၇)ရက် နေ့က အိုင်ရှိ ဂါခီဂျီမားကျွန်းတွင် ဆူနာမီ သတိပေး ချက်ပင် ထုတ်ပြန် ခဲ့ရကြောင်း သိရှိ ရသည်။

ထိုနေ့ နံနက် အစောပိုင်းက ဖြစ်ပေါ်ခဲ့သည့် ငလျင်သည် ပြင်းအား အဆင့် ရစ်ချ်တာ စကေး (၆.၇) ရှိကာ ငလျင်လှုပ်ခတ်ပြီး တနာရီခန့် အကြာ တွင်မူ အာဏာပိုင်များက ဆူနာမီ သတိပေးချက်ကို ရုတ်သိမ်းခဲ့သည်။

ငလျင်ကြောင့် ကြီးမားသော ပျက်စီး ဆုံးရှုံးမှုများ မရှိခဲ့ဟု ဂျပန် အာဏာပိုင် များက ဆိုသည်။ ငလျင် ဗဟိုချက်သည် တိုင်ဝမ်ကျွန်း အရှေ့ဘက်တွင် ကျရောက် နေသော်လည်း တိုင်ဝမ်တွင် အပျက်အစီး အဆုံးအရှုံး မရှိခဲ့ချေ။

သို့သော်လည်း ထိုနေ့ မတိုင်မီ တရက်က အင်ဒိုနီးရှား နိုင်ငံတွင် လှုပ်ရှားသွားသည့် ရစ်ချ်တာစကေး (၇.၀)ရှိ ငလျင်ကမူ ဆူမားတြား ကျွန်းတွင် လူ(၇)ဦးမျှ ဒဏ်ရာ ရစေခဲ့သည်။ အင်ဒိုနီးရှား ငလျင်ကြောင့် နေအိမ်အချို့  အသေးစား ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ထွက်ပေါ်ခဲ့ခြင်း မရှိဟု သတင်းများက ဖော်ပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here