Netscape မှ Browser အသစ် ထုတ်လုပ်ရန် ပြင်ဆင်

alt

Netscape ကို ထူထောင်ခဲ့သည့် မတ်(ခ်) အန်ဒရက်ဆန် သည် နောက်ထပ် အင်တာနက် Browser အသစ်တခု ထုတ်လုပ်ရန် ပြင်ဆင် နေကြောင်း သိရှိရသည်။

နည်းပညာ ကျွမ်းကျင်သည့် Developer တဦး ဖြစ်သည့် မတ်(ခ်)သည် RockMeIt အမည်ရှိ Browser အား တီထွင် ထုတ်လုပ်ရန် ၎င်း၏ အရင်းနှီးဆုံး မိတ်ဆွေ(၂)ဦးနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိပြီး၊ Netscape သည် အင်တာနက်ကို တွင်တွင် ကျယ်ကျယ် စတင် သုံးစွဲလာသည့် (၁၉၉၀) ပြည့်လွန် နှစ်များအတွင်း ကမာ္ဘပေါ်တွင် လူဦးရေ သန်းနှင့်ချီမျှ သုံးစွဲ ခဲ့ကြသည့် အောင်မြင်သော Browser တမျိုး ဖြစ်သည်။

သို့သော်လည်း Microsoft ၏ Internet Explorer ပေါ်ထွက်လာပြီး နောက်ပိုင်း Netscape ၏ အရှိန်အဝါ တစထက် တစ ကျဆင်း လာခဲ့သည်။ သို့သော်လည်း မတ်(ခ်) ကမူ RockMeIt သည် လက်ရှိအချိန်တွင် Browser လောကအား လွှမ်းမိုး ချုပ်ကိုင်ထားသည့် Internet Explorer နှင့် Firefox တို့အား ဖယ်ရှား ပစ်နိုင်မည်ဟု ယုံကြည်နေသည်။

Times မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ၎င်း၏ နည်းပညာသစ်သုံး RockMeIt သည် Browser လောကကို တကျော့ပြန် တုန်လှုပ် သွားစေမည်ဟု မျှော်လင့်ထားကြောင်း မတ်(ခ်)က ပြောကြား သွားခဲ့သည်။ ထို့အပြင် Browser အသစ်အတွက် Service ဆိုင်ရာ စိတ်ကူး ကောင်းကောင်းများကို ၎င်းကြံဆ ထားကြောင်း မတ်(ခ်)က ဆိုသည်။ RockMeIt အား မတ်(ခ်) နှင့်အတူ သူ၏မိတ်ဆွေ အဲရစ် ဗစ်ရှာရီယာ နှင့် တင်ဟိုးစ် တို့ကလည်း ပူးပေါင်းတာဝန်ယူ ဖန်တီးလျှက် ရှိသည်။

လက်ရှိအချိန်တွင် Browser လောကကို Internet Explorer နှင့် Firefox တို့က ဦးဆောင်နေပြီး Chrome၊ Opera၊ Safari နှင့် Flock စသည့် Browser များမှာလည်း လူသုံး များနေဆဲပင် ဖြစ်သည်။ မတ်(ခ်) ကမူ ၎င်း၏ Browser သည် နာမည်ကျော် လူမှုကွန်ယက် ၀ဘ်ဆိုဒ် များဖြစ်သည့် Facebook နှင့် Twitter တို့ကို အခြေခံကာ Social Web Browser တခုအဖြစ် ဖန်တီးရန် စိတ်ကူးထားကြောင်း ပြောဆိုသွားခဲ့ သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here