ပျောက်ဆုံး ကုန်တင်သင်္ဘော ရှာဖွေ တွေ့ရှိ

alt

ဩဂုတ်လ (၄)ရက် နေ့က အင်္ဂလိပ် ရေလက်ကြား ကို ဖြတ်ကျော်စဉ် ထူးဆန်းစွာ ပျောက်ဆုံး သွားသော ရုရှား နိုင်ငံပိုင် ကုန်တင် သင်္ဘောကို ရှာဖွေ တွေ့ရှိပြီ ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာ ခဲ့သည်။

ဩဂုတ်လ (၁၇)ရက် နေ့က ထုတ်ပြန် ခဲ့သော ကြေညာချက်တွင် မော်လ်တာ နိုင်ငံအလံ လွှင့်ထူထားသည့် သင်္ဘော တွင် လိုက်ပါလာသည့် သင်္ဘောသား အားလုံး အခြေအနေ ကောင်းမွန် ကြောင်း ပါရှိသည်။

ထိုသင်္ဘော ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မီဒီယာများက ပင်လယ် ဓားပြများက ဖမ်းဆီးသွားခြင်းဟု ဖော်ပြခဲ့သော်လည်း ရုရှား ရေတပ် ရေငုပ် သင်္ဘောဖျက် တိုက်သင်္ဘောက ရှာဖွေ တွေ့ရှိချိန်တွင် မည်သည့် လက်နက်ကိုင် အဖွဲ့မှ ရှိမနေဟု ဆိုသည်။

သစ်များ တင်ဆောင်လာသည့် အာတိတ် ပင်လယ် အမည်ရှိ သင်္ဘောကြီးသည် ဘီဂျာဂျီ ဆိပ်ကမ်းမှ ထွက်လာပြီးနောက် ပျောက်ဆုံး သွားခြင်းဖြစ်သည်။ ယခုအခါ သင်္ဘောသား များအား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျှက်ရှိပြီး အသေးစိတ် အချက် အလက်များကို ရုရှား အာဏာပိုင်များက မကြေညာသေးဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here