သေဆုံးသည် အထိ ငွေရှာ ပေးနိုင်ဆဲ မိုက်ကယ်ဂျက်ဆင်

alt

မိုက်ကယ် ဂျက်ဆင်သည် သေဆုံး ပြီးချိန်တွင်ပင် ငွေကြေး ပေါင်သန်း(၆၀)မျှ ရှာဖွေ ပေးနိုင်သေးကြောင်း သိရှိ ရသည်။

လေ့လာသူ များက မိုက်ကယ်နှင့် ပတ်သက်သော အမှတ်တရ ပစ္စည်းများ ရောင်းချခြင်း၊ ၎င်း၏ဘဝ တစိတ် တဒေသအတွက် မှတ်တမ်း ဇာတ်ကား ရိုက်ကူးရန် သဘောတူ စာချုပ် ချုပ်ဆိုခြင်း အပါအဝင် အခြားသော လုပ်ငန်းများမှ ငွေကြေးများ သောက်သောက်လဲ ရရှိနေကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

ဂျက်ဆင်သည် ဇွန်လ (၂၅)ရက် နေ့က ကွယ်လွန်ပြီး နောက်ပိုင်း တလကျော်မျှ အချိန်အတွင်း ထိုငွေကြေးကို ရရှိစေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ကွယ်လွန် ပြီးချိန်တွင် ပေါင်စတာလင် သန်း(၄၅၀) အထိ ရရှိစေခဲ့သည့် Rock အဆိုတော် ကတ်ကိုဘိန်း နှင့် သေဆုံးပြီး ပေါင်(၃၆၂)သန်း ထပ်မံ ရရှိစေသည့် အဲဗစ် ပရက်စလေ တို့ကို စံချိန်ချိုးဖွယ် ရှိနေကြောင်း လေ့လာသူများက ဆိုသည်။

ထို ပမာဏသည် ၎င်းတို့ သေဆုံးပြီး (၁၂)လ အတွင်း ရရှိသော ငွေကြေးများ ဖြစ်သည်။ ဂျက်ဆင်၏ ပိုင်ဆိုင်မှုများ အတွက် တာဝန် ယူထားသည့် ရှေ့နေဂျွန်ဘရန်ကာ က ဂျက်ဆင်၏ ပရိသတ်များကြောင့် နောက်ထပ် ငွေကြေးများ တိုးပွား လာဖွယ်ရှိကြောင်း သုံးသပ်ခဲ့သည်။ ဂျက်ဆင်၏ အထိမ်း အမှတ်ပုံများ ပါရှိသည့် ကော်ဖီတင် လင်ဗန်း၊ ငွေဒင်္ဂါး၊ ကျောင်းသုံး ပစ္စည်းများကို စာချုပ် ချုပ်ဆို ထုတ်လုပ်လာသည့် အပြင် ရုပ်ရှင် ရိုက်ကူးမှုကလည်း ငွေကြေး အမြောက်အမြား ရရှိစေကြောင်း ဘရန်ကာ က ဆိုသည်။

ထို့အပြင် အမှတ်တရ ပစ္စည်းများ ရောင်းချရမှုမှလည်း ပေါင်ငွေ သန်းပေါင်းများစွာ ရရှိနိုင်သေးကြောင်း ဘရန်ကာ က သုံးသပ်ခဲ့သည်။ ဂျက်ဆင်၏ အစ်မဖြစ်သူ လာတိုရာ ကမူ သေဆုံးပြီးချိန်ကျမှ ငွေကြေး အမြောက်အမြား ရရှိနေသည်ကို သူမ၏ မောင်ငယ် မသိသွားသည့် အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here