ရုရှား တောင်ပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား

alt

ရုရှားနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှု တခု ကြောင့် သေဆုံးသူ (၁၁)ဦးထက် မနည်း ရှိခဲ့ကြောင်း တာဝန်ရှိသူ များက အတည်ပြု ပြောဆို လိုက်သည်။

အသေခံ ဗုံးခွဲမှုဟု ယူဆရသည့် တိုက်ခိုက်မှု တခုသည် နာဇရန်း မြို့တွင် ဩဂုတ်လ (၁၇)ရက် နေ့က ဖြစ်ပွားခဲ့ပြီး လူ(၅၀)ကျော်ကို ဒဏ်ရာများ ရရှိ စေခဲ့သည်။ ချေချင်းညာ နှင့် ဆက်စပ်နေသော အဆိုပါ ဒေသသည် ပြီးခဲ့သော ရက်ပိုင်းများ အတွင်း ချောင်းမြောင်း ပစ်ခတ်မှု၊ ဖောက်ခွဲမှုများ ကြိုကြား ကြိုကြား ကြံုနေရသော်လည်း ယခု ဗုံးကွဲမှုသည် အပြင်းထန်ဆုံး ဖြစ်လာခဲ့သည်။

ဗုံးသည် ရဲစခန်း တခုကို ရည်ရွယ် ဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်သူသည် ဖောက်ခွဲ ကိရိယာများ သယ်ဆောင် လာဟန်ရှိသည့် ၎င်း၏ ကုန်တင်ကားကို ရဲစခန်း ဧရိယာအတွင်း အတင်း မောင်းနှင် ဝင်လာခဲ့သည်ဟု အစိုးရ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ကော်လိုအာဟီဂဗ်က ပြောကြားခဲ့သည်။

ကားသည် ရဲစခန်း အဆောက်အအုံ နှင့် ကိုက်အနည်းငယ် အလိုတွင် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး သေဆုံးသူများ ထဲတွင် ရဲသားများ ပါ၀င်ကြောင်း ကော်လိုအာက အတည်ပြုခဲ့သည်။ ယခု ဗုံးခွဲမှုသည် ချေချင်းညာရှိ စစ်သွေးကြွများ၏ လက်ချက်ဟု ယူဆရသော်လည်း မည်သည့် အဖွဲ့အစည်း ကမှ ထို ဗုံးခွဲမှု အတွက် တာဝန်ရှိကြောင်း ထုတ်ပြန်ခြင်း မရှိသေးဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here