ဖြစ်ပေါ်လာနိုင်သေးသည့် အကြမ်းဖက် တိုက်ခိုက်မှုများ အတွက် အိနိ္ဒယ ဝန်ကြီးချုပ် စိုးရိမ်

alt

အိနိ္ဒယနိုင်ငံ၊ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း က ၎င်း၏ အစိုးရအဖွဲ့သည် နောက်ထပ် ဖြစ်ပေါ်လာမည့် အကြမ်းဖက် တိုက်ခိုက် မှု များအတွက် စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

ဆင်းက ပါကစ္စတန် အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းများ အနေနှင့် မွမ်ဘိုင်း တိုက်ခိုက်မှုကြီး ကဲ့သို့ လုပ်ရပ်မျိုး နောက်တကြိမ် ဆောင်ရွက် လာနိုင်ကြောင်း ထောက်ပြခဲ့ပြီး နိုင်ငံ အတွင်းရှိ လုံခြံုရေး အဖွဲ့ အစည်းများ အနေနှင့် အမြဲတမ်း အမြင့်မားဆုံး သတိ ၀ီရီယ ထားရှိကြရန် နှိုးဆော်ခဲ့သည်။

ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက ပါကစ္စတန်တွင် လေ့ကျင့်ခဲ့သော အကြမ်းဖက် သမားများ၏ အစီအစဉ်တကျ ၀င်ရောက် တိုက်ခိုက်မှုကြောင့် လူပေါင်း (၁၇၀)ကျော် သေဆုံး ခဲ့ရသည်။ ပါကစ္စတန်သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများ အတွက် အိန္ဒိယနှင့် ပူးပေါင်းမည်ဟု ကတိပြု ထားသော်လည်း ရည်မှန်းသလောက် ပါ၀င်လာခြင်း မရှိသေးသဖြင့် ဒုစရိုက် သမားများကို ထိန်းချုပ်ရေး အတွက် ပူပင်မိကြောင်း ဆင်း ကဆိုသည်။

မွမ်ဘိုင်း တိုက်ခိုက်မှုကြီး နောက်ပိုင်း မိမိတို့အနေနှင့် လုံခြံုရေးကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သည့်တိုင် လစ်ဟာမှုများ ရှိနေဆဲဟု ထင်မှတ်မိကြောင်း ဆင်းက ၀န်ခံခဲ့ပြီး အချိန်မရွေး ထပ်ကြံုလာနိုင်သည့် တိုက်ခိုက်မှုများ အတွက် စိုးရိမ်မကင်း ဖြစ်နေရကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here