ချော့ကလက် စားခြင်းဖြင့် နှလုံးရောဂါကြောင့် သေဆုံးနိုင်မည့် အန္တရာယ် လျော့နည်းစေနိုင်

alt

ချော့ကလက်ကို ပုံမှန် စားသုံးပါက နှလုံး ရုတ်တရက် ဖောက်ပြန် သဖြင့် သေဆုံးမည့် အန္တရာယ်ကို လျော့နည်း စေနိုင်ကြောင်း သုတေသီ များက ထောက်ခံ လိုက်ပြီ ဖြစ်သည်။

တပါတ်လျှင် နှစ်ကြိမ်မျှ ချော့ကလက် စားပေးသူများသည် ချော့ကလက် လုံးဝ မကြိုက်သူ များထက် နှလုံးရောဂါ ထဖောက်သည့် အခြေအနေ (၇၀) ရာခိုင်နှုန်း နီးပါး လျော့ကျသွားကြောင်း ပညာရှင်များက ဆိုသည်။

ချော့ကလက် အညို များတွင် ပါ၀င်သည့် Antioxidant တမျိုး ဖြစ်သော flavonoid အမည်ရှိ ဓာတုပစ္စည်းသည် သွေးခဲမှုကို ကာကွယ်နိုင်သဖြင့် နှလုံး သွေးကြောများ အတွင်း သွေးခဲ ပိတ်ဆို့ကာ ရုတ်တရက် သေဆုံးခြင်း မျိုးကို တားဆီးနိုင်သည့် အရည်အသွေး ရှိကြောင်း ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ရှိ ကာရိုလင်ဆကာ ပညာရေးဌာနမှ သုတေသီများက ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် အသက်(၄၅)နှစ်မှ (၇၀)ကြား စေတနာရှင် အစမ်းသပ်ခံသူ (၁၁၆၉) ဦးကို လေ့လာမှုများ ပြုလုပ်ပြီး ၎င်းတို့၏ နှလုံးဖောက်ပြန်မှု ခံစားရသည့် မှတ်တမ်းများကို လေ့လာခဲ့ရာ ချော့ကလက် အညို နှစ်သက်စွာ စားသုံးသူများသည် လုံးဝ မကြိုက်သူများထက် နှလုံး ဖောက်ပြန်မှု ဖြစ်ပွားနိုင်ခြေ (၆၆) ရာခိုင်နှုန်းမျှ လျော့နည်းကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here