ဘာစီလိုနာ အသင်း မန်ယူမှ ဗစ်ဒစ်ကို ခေါ်ယူလို

alt

ဘာစီလိုနာ အသင်းသည် မန်ချက် စတာ ယူနိုက်တက် မှ ခံစစ်မှူး နီမန်ဂျာ ဗစ်ဒစ် ကို စိတ်ဝင်စား နေကြောင်း သိရှိရသည်။

Daily Mirror သတင်းစာက ဘာစီလိုနာ သည် ၎င်းတို့၏ နောက်တန်းကို အားဖြည့်ရန် အတွက် အသက် (၂၇)နှစ် ရှိပြီဖြစ်သော ဆာဘီးယား လက်ရွေးစင်ကို ကြေး ကြီးကြီးဖြင့် ကမ်းလှမ်းရန် ပြင်ဆင် နေကြောင်း ရေးသား ဖော်ပြခဲ့သည်။

ဗစ်ဒစ်သည် ယူနိုက်တက်၏ အထင်ကရ ခံစစ်မှူးတဦး ဖြစ်သဖြင့် ဘာစီလိုနာ၏ ကမ်းလှမ်းမှုမှာ ခက်ခဲဖွယ် ရှိကြောင်းလည်း သတင်းစာ ကဆိုသည်။ ဗစ်ဒစ်သည် ဒဏ်ရာ ပြဿနာကြောင့် ယူနိုက်တက်က ဘာမင်ဂမ်ကို (၁-၀)ဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ် ပွဲဦးထွက်တွင် ပါ၀င်နိုင်ခြင်း မရှိခဲ့ပေ။

ဘာစီလိုနာ နည်းပြ ပက်ဂွာဒီယိုလာ သည် ယခုနှစ် အပြောင်း အရွှေ့ကာလတွင် အင်တာမီလန် မှ ဘရာဇီး လက်ရွေးစင် မက်စ်ဝဲလ် ကို ခေါ်ယူပြီးသည့်တိုင် ခြေစွမ်း ထက်မြက်သည့် နောက်တန်း လူတဦး အလိုရှိ နေဆဲဖြစ်သည်။ သတင်းများ အရ ဂွာဒီယိုလာ သည် ယမန်နှစ်က ယူနိုက်တက်၏ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည့် ဗစ်ဒစ်အား ကမ်းလှမ်းရန် အတွက် ရှက်တာဒိုးနက် မှ ဒီမီထရို ချင်ဂရင်စကီး အား စုံစမ်းနေမှုကိုပင် ရပ်ဆိုင်း ထားလိုက်ကြောင်း သိရှိရသည်။

ဘာစီလိုနာသည် မာတင်ကဆာရက်အား ဂျူဗင်းတပ်သို့ အငှားချလိုက်သဖြင့် ခံစစ်မှူးတဦး ဖြည့်တင်းရေး စီမံကိန်းကို ပိုမို ဇောက်ချ လုပ်ကိုင် လာနိုင်ကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here