Jim Webb ရဲ့ ပြောဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည် က ငြင်း

alt

အမေရိကန် အထက် လွတ်တော်အမတ် Jim Webb ရဲ့ မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုတချို့ ဖယ်ရှား ပေးရေး ကို ဒေါ်အောင်ဆန်းစုကြည် က သဘောတူ လိမ့်မယ်လို့

ယူဆကြောင်း ကို ဒေါ်အောင်ဆန်းစုကြည် က ငြင်းဆို ကြောင်း ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်း က ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ခဲ့တဲ့ ပါတီ ပြောခွင့် ရှိပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောဆိုခဲ့ သည်။ Mr. Jim Webb ပြောဆို ခဲ့ သည့် Sanction lift လုပ်ဖို့ ကိစ္စ ဘာညာ သူ မပြောဘူးတဲ့။ သူ ပြောခဲ့တာက Sanction နဲ့ ပတ်သက်လို့ ရှိရင် သူဟာ Sanction တွေ lift လုပ်ဖို့ ပူးပေါင်း ဆောင်ရွက် ပါ့မယ်၊ ပူးပေါင်း ဆောင်ရွက် ချင်တယ် ဆိုတာ အစိုးရ ကို အဆိုပြု ဖူးတယ် တဲ့။ အစိုးရဘက် ကသာ ဘာမှ မလုပ်တာတဲ့။ ပထမ သဘောတူ သယောင်ရှိပြီး နောက်ကျတော့ မလုပ်တာတဲ့၊ အဲဒီလို သာ ပြောတယ် လို့ ပါတီပြောခွင့်ရှိပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောဆို ခဲ့ပါတယ်။

နောက် Interaction နဲ့ ပတ်သက်ပြီးတော့ အနောက် နိုင်ငံတွေနဲ့ Interaction လုပ်ဖို့ သူ က အကြံပြု တယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည် က သူ့ကို ပြန်ပြောတယ်၊ Interaction ဆိုတာ အနောက် နိုင်ငံ နဲ့ မလုပ်ခင် ပြည်တွင်းမှာ အရင် လုပ်ရမှာတဲ့။ ပြည်တွင်းမှာ Interaction မရှိဘဲ နဲ့ အနောက် နိုင်ငံ နဲ့ လုပ်လို့ ဘာမှ အကျိုး မရှိနိုင်ဘူးလို့ သူ ရှင်းပြ ခဲ့တယ် တဲ့ စီးပွားရေး ပိတ်ဆို့တာ တွေ ရပ်တန့် သွားအောင် တွေ့ဆုံ ညှိနှိုင်းဖို့ Mr. Webb က အကြံပြု ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် က အဲဒီလို ပြန်ပြော ခဲ့တာလို့ ဦးဉာဏ်ဝင်း က ပြောဆို ခဲ့ပါတယ်။

Mr. Webb က ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံစဉ် ရွေးကောက်ပွဲဝင်ရေး ကိစ္စ အပြင် မြန်မာ နိုင်ငံ အရေး အပေါ် တရုတ် နိုင်ငံ ရဲ့ ပါဝင် ပတ်သက်မှုတွေ အလွန်အကျွံ ဖြစ်နေ တာကိုလည်း ပြောဆို ခဲ့သလို၊ ဒီကိစ္စ အပေါ် Mr. Webb ပြောဆို သုံးနှုန်း သွားတဲ့ စကားလုံး အသုံးအနှုန်းကို ဒေါ်အောင်ဆန်းစုကြည် က မနှစ်သက်ကြောင်း ပြန်ပြော ပြတယ်လို့ သိရှိ ရပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် က သူ့အနေ နဲ့ အဲ့ဒီ စကားလုံးတွေ ကို လည်း မကြိုက်ဘူး။ China ကိုလည်း အိမ်နီးနားချင်း၊ မိတ်ကောင်း ဆွေကောင်း သဘောပဲ သူ သဘောထားတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆို ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here