မြောက်ကိုရီးယား ခေါင်းဆောင်နှင့် ညှိနှိုင်းခဲ့သည့် ဟွန်ဒေး အကြီးအကဲ

alt

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျံုအီ နှင့် သွားရောက် ညှိနှိုင်း ခဲ့သည့် တောင်ကိုရီးယား ဟွန်ဒေး စီးပွားရေး အုပ်စု အကြီးအကဲ ဟွန်ဂျန်အန်း မှာ ဩဂုတ်လ (၁၇)ရက်နေ့၊

ဒေသ စံတော်ချိန် (၂း၂၃)နာရီ က တောင်ကိုရီးယား သို့ ပြန်လည် ရောက်ရှိလာကြောင်း သိရှိရသည်။

သူမသည် ပြံုယမ်းသို့ (၇)ရက်ကြာ သွားရောက်ပြီး မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအား ပြန်လည် ခွင့်ပြုရန် ခေါင်းဆောင်ကြီး ကင်နှင့် ညှိနှိုင်း ဆွေးနွေးခဲ့ပြီး၊ ဟွန်သည် လေဆိပ်သို့ ပြန်လည် ရောက်ရှိလာပြီး အချိန်တို အတွင်းမှာပင် သူမ၏ မော်ကွန်းဝင် လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ တခု ကျင်းပ ခဲ့သေးသည်။

ဟွန်က ကင်နှင့် ပတ်သက်ပြီး နွေးထွေး ဖော်ရွေသော၊ ငြိမ်းချမ်းသော စိတ်သဘော ထားရှိသည့် ပုဂ္ဂိုလ်ကြီးဟု ချီးကျူးခဲ့သည်။ ဟွန်က သူမ၏ ကမ်းလှမ်းမှုများကို ခေါင်းဆောင်ကြီးက အကောင်းမြင် စိတ်ဖြင့် နားထောင်ခဲ့ပြီး အပြုသဘောဖြင့် ဆွေးနွေးခဲ့ကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

ထို့ကြောင့် မြောက်ကိုရီးယား သို့ တောင်ကိုရီးယား ကမာ္ဘလှည့် ခရီးသည်များ ပြန်လည် ပို့ဆောင် လည်ပတ်နိုင်ရေးကို ဟွန်ဒေး အုပ်စုအနေနှင့် မျှော်လင့်ခွင့် ရရှိထားပြီ ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် နှစ်အတွင်းက တောင်ကိုရီးယား အမျိုးသမီးတဦးကို မြောက်ကိုရီးယား စစ်သားများက ပစ်သတ်ခဲ့သည့် ဖြစ်ရပ်မျိုး နောက်တကြိမ် မရှိစေရဟု ခေါင်းဆောင်ကြီး ကင်က ကတိ ပေးခဲ့ကြောင်း ဟွန် က ဖြည့်စွက် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here