ရုရှား တိုက်လေယာဉ် နှစ်စင်း လေ့ကျင့် ပျံသန်းစဉ် တိုက်မိကာ ပျက်ကျ

alt

ရုရှားနိုင်ငံတွင် ပြုလုပ် ကျင်းပမည့် လေကြောင်းပြပွဲ အကြို လေ့ကျင့်မှု အစီအစဉ်တွင် လေယာဉ်(၂)စင်း တိုက်မိခဲ့ရာ တိုက်လေယာဉ်မှူး တဦး သေဆုံးသွားကြောင်း သိရှိရသည်။

MAKS-2009 လေကြောင်းပြပွဲ အတွက် လေ့ကျင့်ရေး အခမ်းအနား အဖြစ် ဩဂုတ်လ (၁၆)ရက် နေ့က စမ်းသပ် ပျံသန်းစဉ် တိုက်မိကြသော လေယာဉ်များ အနက် တစင်းမှာ လေထဲတွင်ပင် မီးလောင်သွားသဖြင့် လေယာဉ်မှူးမှာ လေယာဉ်မှ ထွက်ခွာချိန် မရခဲ့ဟု စုံစမ်းရေးမှူး တဦးက အတည်ပြုခဲ့သည်။

မော်စကို မြို့တော်ရှိ ဇူကော့စကီး လေယာဉ်ကွင်းတွင် ဖြစ်ပွားခဲ့သော လေယာဉ် တိုက်မှုမှာ Su-27 တိုက်ခိုက်ရေး လေယာဉ်(၂)စင်း မတော်တဆ ထိခိုက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူမှာ အသက်(၄၅)နှစ် အရွယ် ဗိုလ်မှူးကြီး အီဂေါ်ကာချန်ကို ဆိုသူဖြစ်ပြီး အခြား လေယာဉ်မှူး (၃)ဦး မှာမူ လေယာဉ်မှ အသီးသီး လွတ်မြောက် သွားကြသည်။

တဦး၏ အခြေအနေသည် စိုးရိမ်ရအောင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အသက် အန္တရာယ်အတွက် စိတ်ချ ရပြီဖြစ်ကြောင်း တာဝန် ရှိသူများက ကြေညာ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here