အမေရိကန် ဘောလုံးအသင်း တိုက်စစ်မှူး H1N1 ကူးစက်ခံရ

alt

အမေရိကန် ဘောလုံး အသင်းမှ လက်ရွေးစင် တိုက်စစ်မှူး လန်ဒန် ဒိုနိုဗန် သည် H1N1 တုပ်ကွေး ကူးစက်မှု ခံခဲ့ရကြောင်း သိရှိရသည်။

အသက် (၂၇)နှစ်ရှိ ဒိုနိုဗန်က ၎င်းတွင် အဖျားရောဂါ စွဲကပ် လာပြီးနောက် ကျန်းမာရေး စစ်ဆေး ကြည့်ရာမှ တုပ်ကွေး ဖြစ်ပွားနေကြောင်း ဖော်ထုတ် နိုင်ခဲ့သည်ဟု ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မိုင်ယာမီသို့ ရောက်ရှိနေစဉ် တုပ်ကွေး ကူးစက်နေကြောင်း စစ်ဆေး တွေ့ရှိ ရသော ဒိုနိုဗန်သည် မက္ကစီကို စီးတီးတွင် ကမာ္ဘ့ဖလား ခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ရင်း (၂-၁)ဖြင့် ရှုံးနိမ့်ခဲ့စဉ်က ပါ၀င် ကစားခဲ့သေးသည်။

၎င်းအနေနှင့် ထိုနေရာမှ ရောဂါ ကူးစက်မှု ခံလာရခြင်း ဖြစ်နိုင်ကြောင်း လည်း ဒိုနိုဗန် ကဆိုသည်။ သို့သော်လည်း ကစားသမား၏ အခြေအနေမှာ စိုးရိမ်ရခြင်း မရှိကြောင်း ဒိုနိုဗန်၏ မိခင် ကလပ်အသင်း လော့စ်အိန်ဂျယ်လိစ် ဂလက်ဆီက သတင်း ထုတ်ပြန်ထားသည်။

ဒိုနိုဗန်သည် ရောဂါမှ သက်သာလာသည့်တိုင် အယ်လ်အေ ဂလက်ဆီ အသင်း၏ ပွဲစဉ်အချို့တွင် ချက်ချင်း ကစားခွင့် ရဦးမည် မဟုတ်ဘဲ အနားယူရန် အသင်း ဆရာဝန်က ညွှန်ကြားထားလိုက်ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here