ခန္ဓာကိုယ် အချိုးအစား အတွက် လေ့ကျင့်ခန်း လုပ်တဲ့ ဂျနီဖာ

alt

ဟောလီးဝုဒ် မင်းသမီး ဂျနီဖာ အင်နစ်စတန် က သူမသည် နံနက်တိုင်း စောစီးစွာ ထကာ လေ့ကျင့်ခန်း ပြုလုပ် တတ်သည့် အလေ့အထ ရှိကြောင်း ပြောကြား လိုက်သည်။

အသက် (၄၀) အရွယ် မင်းသမီးသည် လက်ရှိ အချိန်တွင် နယူးယောက် မြို့သို့ သွားရောက်ကာ The Bounty ဇာတ်ကားကို ရိုက်ကူးလျှက် ရှိပြီး၊  အင်နစ်စတန်က သူမ၏ ခန္ဓာကိုယ် အချိုးအစားကို ထိန်းသိမ်းနိုင်ရန် လေ့ကျင့်ခန်းကို နံနက် (၃)နာရီ ကတည်းက မပျင်းမရိ နိုးနိုးကြားကြား လုပ်ကိုင်လေ့ ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

လေ့ကျင့်ခန်း အတွက် မင်းသမီးသည် ပုံမှန် (၂)နာရီမျှ အချိန် ယူကြောင်း လည်း နီးစပ် သူများက ဆိုသည်။ ထို့နောက် နံနက်(၅)နာရီ ကျော်ကျော်မှ စကာ အင်နစ်စတန် တယောက် ရိုက်ကွင်းသို့ တန်းသွားလေ့ ရှိကြောင်း သိရှိရသည်။

အင်နစ်စတန်က ထိုသို့ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့် သူမ၏ အသွင်အပြင်ကို လက်ရှိ အသက်အရွယ်ထက် ငယ်ရွယ်သည်ဟု ထင်မှတ် ရစေကြောင်း ပြောကြား သွားခဲ့သည်။ ထို့ကြောင့်လည်း ရှိရင်းစွဲ အသက်ထက် ငယ်ရွယ်သော ဇာတ်ရုပ်များတွင် သရုပ်ဆောင် ရသည့်တိုင် အခက်အခဲ မရှိဟု မင်းသမီးက ဆိုသည်။

သတင်းများအရ အင်နစ်စတန်သည် The Bounty ဇါတ်ကားတွင် တွဲဖက် သရုပ်ဆောင်သည့် စကော့တလန် ဇာတိ ရုပ်ရှင်မင်းသား ဂျရတ် ဘတ်တလာ နှင့် အချစ်ဇာတ်လမ်း ဖြစ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here