ထောင်ကျ ခံရသည့် ပြင်သစ် သုတေသီအား အီရန် ပြန်လွှတ်ပေးလိုက်

alt

ထောင်သွင်း အကျဉ်းချထားသည့် ပြင်သစ်သုတေသန ပညာရှင်ကို အီရန် အစိုးရက ပြန်လွှတ် ပေးလိုက်ပြီ ဖြစ်သည်ဟု အာရပ်ကမာ္ဘမှ လာသော သတင်းများအရ သိရှိရသည်။

ကလော်တက်ဒီ ရီးစ် သည် တဟီရန်မြို့တော် အတွင်း ဖြစ်ပွားခဲ့သည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ အတွက် သွေးဆောင် လှုံ့ဆော်ခဲ့သည် ဟူသော စွပ်စွဲမှုဖြင့် အီရန် အစိုးရက ဖမ်းဆီးထားခြင်း ဖြစ်သည်။

ဘေရွတ်မှ လာသော သတင်းများက အီရန် အာဏာပိုင် များသည် တဟီရန်ရှိ အီဗင် အကျဉ်းထောင်ကြီးတွင် ချုပ်နှောင်ထားသည့် ပညာရှင်အား ဩဂုတ်လ (၁၆)ရက် နေ့က လွှတ်ပေး လိုက်ပြီဟု ဖော်ပြခဲ့သည်။

အသက် (၂၄)နှစ် အရွယ် ရီးစ်အား ပြန်လွှတ်ပေးရန် ပြင်သစ်နှင့် ဥရောပ ယူနီယံ တို့က ပြင်းပြင်းထန်ထန် တောင်းဆို ခဲ့ကြပြီးနောက် အီရန်က ယခုအခါ လွတ်လပ်ခွင့် ပေးလိုက်ပြီ ဖြစ်သည်။ သူမသည် ဇူလိုင်လ (၁)ရက်နေ့ ကတည်းက အဖမ်းခံ ထားရခြင်းဖြစ်ပြီး ပြင်သစ်သို့ ပြန်မည်ဆိုသော ကတိဖြင့် အီရန် အစိုးရက လွှတ်ပေးရန် သဘောတူခဲ့ခြင်းဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here