အသည်းရောင် အသားဝါ (စီ) ရောဂါ ကုသထုံး မျိုးရိုးဗီဇ တွေ့ပြီ

alt

မျိုးရိုးဗီဇ သုတေသီ များ၏ ကြိုတင် ပြောပြချက်များ အရ အမေရိကန် နိုင်ငံတွင် အသည်းရောင် အသားဝါ (စီ) ရောဂါအား လူနာများတွင် သုတေသန ပြုလုပ်ရာမှ တုန့်ပြန်မှု ရလဒ်များ

တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ထုတ်ပြန် ကြေညာ လိုက်သည်။

အမေရိကန် သုတေသီ များ၏ စမ်းသပ်ချက် အရ အသည်းရောင် အသားဝါ ( C ) မျိုးရိုး ဗီဇအား ( T ) သို့ DNA နည်းအရ အပိုင်းလိုက် ခွဲကာ ပြောင်းလဲ နိုင်လိုက်ပြီး အနီးစပ်ဆုံး IL28B အထိ ဗီဇ အား တိုမြှင့် လုပ်ယူနိုင်ပြီဟု ဒု(ခ်) ဆေးဝါးဗေဒ ဆိုင်ရာ တက္ကသိုလ် အသင်းက ကြေညာ လိုက်ကာ မိမိတို့မှာ လူနာပေါင်း ၁၆၇၁ ဦးအား စမ်းသပ်၍ ရရှိသော ရလဒ် ဖြစ်သည်ဟု ကြေညာ လိုက်သည်။

ယခု အသည်းရောင် အသားဝါ(စီ) ရောဂါ မဝေးတော့သော ကာလတွင် ထိုရောဂါ၏ ကုထုံး အဖြေကို သိရှိရမည် ဖြစ်ပြီး ယခုမှာ ဆဲလ်များမှာ လူမျိုး၊ လူမျိုးစု ကွဲပြားခြင်း အပေါ် မူတည်၍ ဗီဇ ကွဲပြားမှု ပြဿနာ အနည်းငယ် ရှိနေသေးသည်ဟု ဒု(ခ်) တက္ကသိုလ် မျိုးရိုးဗီဇ ဆေးဝါးနှင့် သိပ္ပံပညာဋ္ဌာန ညွန်ကြားရေးမှူး ဒေးဗစ် ဘီ ဂိုလ်းစတိုင်းမှ ပြောကြား လိုက်သည်။

ယခုအခါ အသည်းရောင် အသားဝါ(စီ)ရောဂါ ကို တကမာ္ဘလုံးတွင် လူပေါင်း သန်း ၁၇၀ကျော် ရောဂါ ဝေဒနာ ခံစားနေရသည်ဟု သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here