ကူဝိတ် မင်္ဂလာဆောင် မီးရှို့မှု သတို့သား၏ ဇနီးဟောင်း လက်ချက်ဟုဆို

alt

ဩဂုတ်လ (၁၅)ရက် နေ့က ကူဝိတ်နိုင်ငံ အနောက်ပိုင်းရှိ ဂျဟရာ မြို့တွင် ကျင်းပနေသည့် မင်္ဂလာဆောင် အား မီးတင်ရှို့သူမှာ သူမပင် ဖြစ်ကြောင်း သတို့သား၏ ဇနီးဟောင်း က ၀န်ခံလိုက်ပြီ ဖြစ်သည်။

အယ်ကွာဘက် က သူမ၏ ခင်ပွန်း ဟောင်းသည် သူမအပေါ် မမျှမတ ဆက်ဆံခဲ့သူ ဖြစ်သောကြောင့် ယခုလို တုန့်ပြန်ခဲ့ခြင်း ဟုဆိုသည်။ အသက် (၂၃)နှစ်ရှိ အယ်ကွာဘက်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီ ဖြစ်သော်လည်း နောက်ထပ် ကြေညာချက် တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

ကွာဘက်၏ လက်ချက်ကြောင့် ထိုမီးတင်ရှို့ မှုတွင် အမျိုးသမီး (၃၇)ဦးနှင့် ကလေး (၆)ဦးတို့ သေဆုံးပြီး (၉၀)ကျော် မီးလောင် ဒဏ်ရာများ ရရှိခဲ့ကြသည်။ မီးသတ်ဌာန၏ အဆိုအရ အလောင်းများသည် မမှတ်မိ နိုင်လောက်အောင် မီးလောင် ပျက်စီးနေသဖြင့် DNA စစ်ချက် ရယူခဲ့ရကြောင်း သိရှိရသည်။

ကွာဘက်သည် ဓာတ်ဆီပုံးများကို မင်္ဂလာဆောင် ကျင်းပနေရာ အနီးတဝိုက်တွင် လိုက်လံ ပက်ဖြန်းကာ မီးတင် ရှို့ခဲ့ခြင်းဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ ကွာဘက်၏ လုပ်ရပ်ကြောင့် ကူဝိတ် နိုင်ငံ၏ (၁၉၉၀) ပြည့်နှောင်းပိုင်းတွင် လူအများဆုံး တပြိုင်တည်း သေကြေရသည့် အဆိုးရွားဆုံး ဖြစ်ရပ်နှင့် ကြံုတွေ့ ခဲ့ရသည်။

ယခုကဲ့သို့ မင်္ဂလာဆောင် မီးရှို့မှုမျိုး ယမန်နှစ် ကလည်း ဂျဟရားတွင် ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က အမျိုးသမီး(၂)ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင် များက ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here