အမေရိကန်နိုင်ငံ သမိုင်းတွင် အကြီးမားဆုံး ဆိုင်ဘာ ခိုးယူမှုကြီး

alt

အသက် ၂၈နှစ် အရွယ်ရှိ အမေရိကန် နိုင်ငံသား တဦးသည် အမေရိကန် သမိုင်းတွင် အွန်လိုင်းမှနေ၍ လူများ၏ ဘဏ္ဍာရေး ဆိုင်ရာ ကိုယ်ရေး ကိုယ်တာ အချက်အလက် များအား ခိုးယူသော ဆိုင်ဘာ ခိုးယူမှုကြီး

လုပ်ဆောင်မှုဖြင့် ယနေ့ အမေရိကန် အစိုးရ ရှေ့နေများက တရားစွဲဆို နိုင်လိုက်ပြီ ဖြစ်သည်။

အမေရိကန် နိုင်ငံရှိ နာမည်ကျော် 7-Eleven အရောင်းဆိုင်များ၊ Hannaford Bros ဘဏ်များ၊ ၊ Heartland ခရက်ဒစ် ကဒ် ကုမ္မဏီများ၏ ဈေးဝယ်သူများ ငွေစာရင်း အချက် အလက်များကို ကွန်ပြူတာမှ တဆင့် မှတ်တမ်းတင်သည့် စနစ်ကို ကွန်ပြူတာ အွန်လိုင်းမှ တဆင့် hacking လုပ် ထိုးဖေါက်ကာ လူပေါင်း သန်း ၁၃၀ကျော်၏ အေတီအမ်၊ ခရက်ဒစ်ကဒ်၊ ဈေးဝယ်ကဒ်ပြားများ အချက်အလက် များကို ခိုးယူခဲ့မှုဖြင့် ဖရော်ရီဒါ ပြည်နယ် မိုင်ယာမီမြို့ မှ အဲလ်ဘတ် ဂွန်ဇာလက် ဆိုသူနှင့် သူ၏ အပေါင်းအပါ ရုရှား လူမျိုးနှစ်ဦးအား တရားစွဲဆို လိုက်ပြီ ဖြစ်သည်။

သူနှင့် အတူကြံရာပါ ရုရှားလူမျိုး ၂ဦးမှာ ခိုးယူ၍ ရရှိလာသော ငွေကြေးဆိုင်ရာ အချက်အလက် များအား ဘဏ်ကဒ် အတု၊ ခရက်ဒစ်ကဒ် အတု၊ ဈေဝယ်ကဒ် အမျိုးမျိုး အတု လုပ်သူများထံ ရောင်းချရန် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၀၃ ခုနှစ် ကလည်း ဂွန်ဇာလက်မှာ အမေရိကန် နယ်ခြားဒေသတွင် သတင်းပေးလုပ်ရင်း မှုခင်း ဖြစ်ပွားဖူး၍ ထိမ်းသိမ်းခံ ရဖူးသူ တဦးဖြစ်သည်။ ယခု ကိစ္စကို အမေရိကန် ဆိုင်ဘာ မြေအောက် လောကတွင် နာမည်ကျော် မစ္စတာ ဂွန်ဇာလက်မှာ “operation get rich or die tryin,” ဟု အမည်ပေးထားကာ နာမည်ကြီး အမေရိကန် ကုမ္မဏီ ၅၀၀ ပစ်မှတ်ထား၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ ညနေထုတ် ဝေါစရိတ် သတင်းစာကြီးတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here