အွန်လိုင်း အသုံးပြုပြီး ငွေရှာရန် ဘရစ်တနီ ကြံစည်

alt

ဘရစ်တနီ စဖီးယားသည် Online ကို အသုံးပြုပြီး ငွေရှာသည့် လုပ်ရပ် တခုကို ကြံစည် လုပ်ဆောင် နေကြောင်း သိရှိရသည်။

ကမာ္ဘကျော် Pop အဆိုတော် မလေးသည် နာမည်ကျော် Social Networking ၀ဘ်ဆိုဒ် Facebook ၏ ပရိသတ် တဦးဖြစ်ပြီး ယခုလည်း Facebook မှတဆင့် ငွေရလမ်း ထွင်နေပြီ ဖြစ်သည်။ အသက် (၂၈)နှစ်ရှိ ဘရစ်တနီသည် Facebook မှတဆင့် Virtual Gift များကို ရောင်းချနေပြီး Facebook အသုံးပြုသူ များသည် ထို လက်ဆောင်လေးများကို အပြန်အလှန် ပေးပို့ နိုင်မည် ဖြစ်သည်။

သူမသည် ချစ်ခင် နှစ်လိုဖွယ်ရာ ဒီဂျစ်တယ် လက်ဆောင် လေးများကို စုဆောင်းထားပြီး သူမ၏ ပရိသတ်များ အနေနှင့် ထို လက်ဆောင် လေးများကို Online မှတဆင့် ငွေချေ ၀ယ်ယူနိုင်မည် ဖြစ်သည်။

ဘရစ်တနီ၏ လက်ဆောင်လေး များကို တခုလျှင် (၂) ဒေါ်လာမျှ ငွေကြေးဖြင့် ရွေးချယ် ၀ယ်ယူနိုင်မည် ဖြစ်ပြီး မွေးနေ့ကိတ်၊ သူမ ၀တ်ဆင်ခဲ့ဖူးသည့် ကျောင်းသူပုံ ယူနီဖောင်းဝတ် အရုပ်ကလေးများ၊ သူမ၏ နာမည်ကြီးသီချင်း Baby! One More Time မှ ဓာတ်ပုံနှင့် ဗီဒီယိုများ စသည်တို့ ပါ၀င်သည်။

ဘရစ်တနီသည် Facebook တွင် Account ပြုလုပ်ထားသူများ အနက် မိတ်ဆွေ အပေါဆုံး အဖွဲ့ဝင် တဦးဖြစ်ပြီး သူမ၏ Account သို့ ချိတ်ဆက် ထားသူ (၂)သန်းကျော် ရှိနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here