ဖိနပ် လိုအပ်နေတဲ့ သီရိလင်္ကာ ရဲတပ်ဖွဲ့ဝင်များ

alt

သီရိလင်္ကာ အစိုးရသည် ရဲတပ်ဖွဲ့ဝင် များအတွက် ဖိနပ်များ ဖြည့်ဆည်းပေးမှု မရှိကြောင်း သိရှိရသည်။

ထိုသို့ ဖြစ်ရသည်မှာ (၅)နှစ်မျှ ကြာမြင့်နေပြီ ဖြစ်ပြီး ရဲတပ်သား များမှာလည်း ဖိနပ်မရသည့် အတွက် စိတ်ညစ် နေကြကြောင်း ဒေသခံ အင်္ဂလိပ် သတင်းစာ တစောင်က ဖော်ပြခဲ့သည်။ အချို့ ရဲတပ်သားများသည် ဖိနပ် မပါဘဲ ကျေးရွာများ အထိ နေ့စဉ်လိုလို မိုင်ပေါင်း အတော်များများ လမ်းလျှောက် နေရကြောင်း သတင်းစာက ဆိုသည်။

ရဲတပ်သား များက သက်ဆိုင်ရာ တာဝန် ရှိသူများကို တနှစ်လျှင် ဖိနပ်တရံမျှ အနည်းဆုံး ထောက်ပံ့ပေးရန် တောင်းဆို နေသော်လည်း မအောင်မြင် သေးကြောင်း သိရှိရသည်။ ထို့အပြင် ရဲများ ရနေသည့် လစာငွေ အနေအထား ကလည်း ဖိနပ် ၀ယ်ယူရေးအတွက် အခက်အခဲ ဖြစ်ရကြောင်း ရဲတဦးက သတင်းစာသို့ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ရာနီဂျစ် ဂူနက်ဆက်ကီရာ က ရဲတပ်ဖွဲ့ဝင် များအတွက် ဖိနပ်များ လုံလုံလောက်လောက် မထောက်ပံ့ နိုင်ကြောင်း ၀န်ခံခဲ့ပြီး သတင်းစာ၏ ဖော်ပြချက်ကို အတည်ပြုခဲ့သည်။ ထိုအတွက် ရဲများတွင် အခက်အခဲများ ရှိနေသည်ကို သိနေသည့်တိုင် နိုင်ငံအတွင်း ရဲတပ်သား (၇၅၀၀၀) အတွက် ဖိနပ်များ ဖြည့်ဆည်း ပေးရန် မလွယ်ကူဟု ဆိုသည်။

ရဲ တပ်သားများတွင် ဖိနပ် မရှိကြသော်လည်း ရဲ အရာရှိများ ကိုမူ (၁၀)လ တကြိမ်မျှ ဖိနပ် အသစ်တစ်ရံ ထုတ်ပေးနိုင်ရန်မူ ဆောင်ရွက် ထားနိုင်ကြောင်း ရာဂျီနစ် က ဖြည့်စွက် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here