ချစ်သူကို မိုဘိုင်းလ်ဖုန်း ခိုးပေးသဖြင့် ထောင်ကျသွားသည့် မော်ဒယ်

alt

ရာဇဝတ်မှုတခု အတွက် စစ်ဆေး ခံနေရသည့် ချစ်သူကို မိုဘိုင်းလ်ဖုန်း တလုံး ခိုးပေးလိုက်သည့် ဗြိတိသျှ အချိန်ပိုင်း မော်ဒယ်မှာ ထောင်ဒါဏ် တရပ် ကျခံရမည့် အခြေအနေနှင့် ရင်ဆိုင် နေရသည်။

အသက် (၂၂)နှစ်ရှိ ဟော်လီဆော်တာ သည် သူမ၏ ချစ်သူ ဂျိမ်းကား တယောက် ဟာရိုးခရောင်း တရားရုံး တွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ အတွင်း စစ်ဆေးကြားနာမှု ခံယူနေရစဉ် နောက်ဘက်မှ နေ၍ ဖုန်းကို လက်ထဲသို့ ထည့်ပေး ခဲ့ကြောင်း ၀န်ခံခဲ့သည်။

ဗြိတိန် အလှမယ်ရွေးပွဲ နောက်ဆုံး အဆင့်အထိ ရောက်ရှိခဲ့ဖူးသူ ဆော်တာက သူမသည် ဂျိမ်း အထီးကျန်နေမည်ကို မလိုလားသဖြင့် ယခုလို ဖုန်း ပေးလိုက်ခြင်းဟု လျှောက်လှဲ ခဲ့သော်လည်း တရားရုံး ကမူ အကျဉ်းသား တဦးကို တားမြစ်ထားသည့် အီလက်ထရောနစ် ပစ္စည်းတခု ခိုးပြီး ပေးလိုက်ခြင်း အဖြစ်သာ သတ်မှတ်ခဲ့သည်။

အသက် (၂၀) အရွယ် ဂျိမ်းမှာ နောက်ပိုင်းတွင် ဓားပြမှုနှင့် ဖောက်ထွင်းမှုများ အတွက် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ထောင်ဒဏ် (၅)နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ဆော်တာ က ဂျိမ်းသည် သူမထံမှ မိုဘိုင်းလ်ဖုန်းကို ဖိအားပေး တောင်းဆိုခဲ့ကြောင်း၊ သူမ အနေနှင့်လည်း ဂျိမ်းကို သနားသောကြောင့် ဖုန်းကို ပေးလိုက်မိခြင်း ဖြစ်ကြောင်း၊ ပြဿနာမှာ ယခုလောက် ကြီးကျယ် သွားမည်ဟု မထင်ခဲ့ကြောင်း ၀န်ခံခဲ့သည်။

သို့သော်လည်း တရားရုံးက သူမ အတွက် အပြီးသတ် စီရင်ချက်ကို မကြာမီတွင် ချမှတ် သွားဖွယ် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here