ပါလက်စတိုင်း အရပ်သားများအား အစ္စရေး စစ်တပ် ပစ်သတ်ခဲ့

alt

အလံဖြူ ပြနေသည့် ပါလက်စတိုင်း ပြည်သူများကို ပစ်သတ် ခဲ့ခြင်းသည် ဂါဇာ ဒေသတွင်းရှိ အစ္စရေး တပ်များ၏ စစ်ဖက် ဆိုင်ရာ ရာဇဝတ်မှုပင် ဖြစ်ကြောင်း

အမေရိကန် လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) က ကြေညာ လိုက်သည်။

ထို အဖွဲ့က ဩဂုတ်လ (၁၂)ရက် နေ့တွင် ဖြစ်ပွားခဲ့သော ကြေကွဲဖွယ် သတ်ဖြတ်မှု အတွင်း အလံဖြူတခုကို ကိုင်ဆောင်လာသည့် အရပ်သား အစုအဖွဲ့ကို အစ္စရေး တို့က ပစ်ခတ်ခဲ့ရာ ကလေး (၄)ဦးနှင့် အမျိုးသမီးများ ပါ၀င်သော လူ(၁၁)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့ကြောင်း အစီရင် ခံစာတစောင် ထုတ်ပြန်ခဲ့သည်။

HRW ၏ အစီရင် ခံစာတွင် ပြည်သူများအား ပစ်ခတ်မှု ကပင် ဆိုးရွား လှပြီဖြစ်ရာ ရန်ပြုရန် ဆန္ဒမရှိကြောင်း အလံဖြူ ပြနေသူများ ကိုပါ ပစ်ခတ်ခြင်း မှာမူ ဆိုးရွား ယုတ်ညံ့လှကြောင်း ဖော်ပြပါရှိသည်။ ထို လုပ်ရပ်သည် စစ်ရာဇဝတ်မှုပင် ဖြစ်သည်ဟုလည်း HRW ကဆိုသည်။

အရပ်သား များသည် အစ္စရေး စစ်သားများကို တွေ့ရှိချိန်က အန္တရာယ်ပေးရန် ဆန္ဒမရှိသည့် အထိမ်းအမှတ် အဖြစ် ရှပ်အင်္ကျီ အဖြူ တထည်ကို စုတ်ဖြဲကာ သစ်ကိုင်း တကိုင်းတွင်ချည်ပြီး အလံဖြူအဖြစ် ကိုင်ဆောင် ဝှေ့ယမ်း ပြခဲ့သော်လည်း အစ္စရေး တို့က ပစ်ခတ်ခဲ့ခြင်းဟု HRW ကဆိုသည်။

HRW သည် ဂါဇာတွင် အစ္စရေး စစ်တပ်များက မီးစုန်း လက်နက်များ သုံးစွဲနေခြင်းနှင့် အရပ်သားများကို အကြောင်းမဲ့ သတ်ဖြတ် နေခြင်း စသည်တို့ ပြုလုပ်နေကြောင်း စွပ်စွဲမှုများကြောင့် အခြေအနေကို လေ့လာရန် လွန်ခဲ့သော (၅)လ ကတည်းက ရောက်ရှိနေသည့် အဖွဲ့ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here