အီရတ် အသေခံ ဗုံးခွဲမှု လူအများအပြား သေဆုံးရပြန်

alt

အီရတ်နိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲမှု (၂)ခုကြောင့် လူ(၂၀) ထက်မနည်း သေဆုံး သွားကြောင်း သိရှိရသည်။

ဩဂုတ်လ (၁၃)ရက် နေ့က ဆင်ဂျာမြို့ရှိ အေရွတ် ကဖီးတွင် ဖြစ်ပွားခဲ့သော ဗုံးခွဲမှုများသည် လူမျိုးရေး၊ ဘာသာရေး များနှင့် ဆက်နွယ် နေဖွယ်ရှိကြောင်း အာဏာပိုင် များက ဆိုသည်။ ဆက်တိုက် ပေါက်ကွဲသော ဗုံးများကြောင့် လူ(၂၁)ဦးမျှ အနည်းဆုံး သေကြေခဲ့ပြီး (၃၀)ကျော် ဒဏ်ရာ ရရှိခဲ့သည်။

သေသူ အများစုသည် ကားဒစ်ရှ် စကားပြောသည့် ယာဇီဒစ် လူမျိုးစုများ ဖြစ်ကြသည်။ ယခု ဗုံးခွဲမှုကြောင့် ဒေသတွင်း လူမျိုးရေး တင်းမာမှုများ ပိုမိုကြီးထွား လာနေပြီး ဘဂ္ဂဒက် အခြေစိုက် အီရတ် အစိုးရကလည်း ထိုကိစ္စကို ကိုင်တွယ်ရေး ခေါင်းခဲ နေရသည်။

အီရတ်တွင် အမေရိကန် စစ်တပ်များ ဆုတ်ခွာပြီးနောက် အကြမ်းဖက်မှုများ တစထက် တစ တိုးမြင့် လာနေဆဲ ဖြစ်သည်။ ကားဒစ်ရှ်တို့ စုရုံး နေထိုင်သော အီရတ် နယ်မြေများတွင် ဗုံးခွဲမှုများ ဖြစ်ပွားပြီး မကျေနပ်မှုများ တိုးများ  လာနေသည့်တိုင် အခြေအနေမှာ အေးဆေး တည်ငြိမ်နေအောင် ထိန်းချုပ် ထားနိုင်ဆဲဖြစ်ကြောင်း အီရတ် အစိုးရက ကြေညာထားသည်။

ကားဒစ်ရှ် တို့ကမူ ၎င်းတို့ ဖွဲ့စည်းထားသည် ပက်ရှ်မာဂါး အမည်ရှိ လူမျိုးစု တပ်ဖွဲ့များဖြင့် လုံခြံုရေး တာဝန် ယူခွင့်ပေးရန် အီရတ် အစိုးရထံ တောင်းဆို ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here