ကလိန်ကကျစ် အပျော်မယ် ထောင်ဒဏ် ကျခံရဖွယ်ရှိ

alt

ငွေယူပြီး လိင်ဆက်ဆံရန် အမျိုးသား တဦးနှင့် သဘောတူညီမှု ရရှိပြီးမှ သူမအား မုဒိမ်း ကျင့်ခဲ့ပါသည်ဟု လိမ်လည် တိုင်တန်းခဲ့သော အမျိုးသမီး တဦးသည် ထောင်ဒဏ် ကျခံရန် နီးစပ်နေကြောင်း သိရှိရသည်။

အသက် (၂၀) အရွယ် ဆာရာဂျိမ်း ဟီလီယက်သည် ပြီးခဲ့သည့် နှစ်အတွင်းက ဂရန့်ဘရောင်းက သူမကို မုဒိမ်းကျင့်ရန် ကြံစည် ခဲ့သည်ဟု ထွက်ဆို ခဲ့ခြင်းဖြစ်သည်။ အသက် (၁၉)နှစ် အရွယ် ဘရောင်း ကမူ အက်ဆက်တွင် ရှိသော နိုက်ကလပ် တခုအတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆာရာ ပြောသမျှမှာ လိမ်ညာမှု များသာဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

သူမနှင့် ဘရောင်း တို့သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ (၂၆)ရက် နေ့က နိုက်ကလပ် အတွင်း တွေ့ဆုံ သိကျွမ်းခဲ့ကြောင်း၊ ထို့နောက် သူမသည် သူငယ်ချင်းများ ကိုရော၊ ဘရောင်း ကိုပါခေါ်ကာ Taxi ဖြင့် အိမ်ပြန် လာသော်လည်း လမ်းခုလတ်ရှိ အများသုံး အိမ်သာ တခုသို့ ရောက်ရှိစဉ် ဘရောင်းက လိုက်လာပြီး မုဒိမ်းကျင့် ခဲ့ကြောင်း ဆာရာက တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ရဲများသည် ဘရောင်းအား ဖမ်းဆီးခဲ့ပြီးမှ အာမခံဖြင့် ပြန်လွှတ် ထားပြီးနောက် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ (၈)ရက် အကြာတွင် ဆာရာ ပြောကြားခဲ့သလို အိမ်သာအတွင်း ဆာရာရော၊ ဘရောင်းပါ ၀င်ရောက်သွားခြင်း မရှိသည်ကို လုံခြံုရေး ကင်မရာ မှတ်တမ်းများမှ တဆင့် ဖော်ထုတ်နိုင်ခဲ့ပြီး ဆာရာ၏ သူငယ်ချင်း များကလည်း ဆာရာနှင့် အတူမပြန်ဘဲ ကလပ်ထဲတွင် တချိန်လုံး ရှိနေခဲ့ကြောင်း ၀န်ခံ ထွက်ဆိုခဲ့သည်။

စုံစမ်းမှုများကို ဆက်လက် ဆောင်ရွက်ပြီးနောက် ဆာရာ တိုင်တန်း ထားသမျှသည် လိမ်လည်မှုသာ ဖြစ်ကြောင်း ရဲက ဖော်ထုတ်နိုင်ခဲ့သည်။ ဆာရာသည် ထောင်ဒဏ်တရပ် ချမှတ်ခ ံရမည်ဖြစ်သလို ဘရောင်းကိုလည်း နစ်နာကြေး အဖြစ် ပေါင်(၇၅၀၀) ပေးဆောင်ရန် တရားရုံးက အမိန့်ချခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here