စစ်အစိုးရမှ တာဝန်ယူမှု မရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ မလေးရှားထောင် အတွင်း ထောင်ဂဏန်းချီ ရှိနေ

alt

မလေရှား နိုင်ငံမှ တနင်္ဂနွေ နေ့ထုတ် Times News သတင်းစာကြီးတွင် ဇန်နဝါရီလ၌ မလေးရှား နိုင်ငံတွင် ထိမ်းသိမ်း ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၂၀၀ ရှိနေရာမှ ယခု

နောက်ဆုံး ဂျူလိုင်လ အကုန်တွင် ၂၈၀၀ အထိ တိုးမြှင့်လာ သည်ဟု ဖေါ်ပြထားသည်။

ယခု ကဲ့သို့ လပိုင်းများ အတွင်း ၂ဆတိုး လာရခြင်းမှာ မလေးရှား နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး စစ်ဆင်ရေး ပြုလုပ် နေခြင်းကြောင့် ဖြစ်ပြီး၊ တဖန် ဒေသတွင်း စီးပွားရေး နှေးကွေး နေမှုများကြောင့် နိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှုများ ဖြစ်ထွန်းကာ မိမိတို့ နိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားများ လှိုင်းလုံးသဖွယ် ဝင်ရောက် လာမှုကြောင့် မလေးရှားနိုင်ငံ တဝှမ်းလုံးရှိ ထိမ်းသိမ်းရေး စခမ်းများတွင် နိုင်ငံခြားသားများ ရ၀၀၀ ကျော် ထိမ်းသိမ်း ထားရကြောင်း မလေးရှား နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဋ္ဌာန ညွှန်ကြားရေးမှူး အဘဒူ ရာမန် အိုမန်မှ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကွာလမ်လမ်ပူ လေဆိပ် ထိမ်းသိမ်းရေး စခမ်းတွင် ဖမ်းဆီးထားသော လူ၁၂၀မှာ ခြေဗလာကျင်း၊ အိပ်ယာ မလုံလောက်မှုများ၊ ခြေထောက် ဆန့်မရအောင် နေထိုင်မှုများနှင့် ရင်ဆိုင်နေရပြီး၊ မြန်မာစစ်တပ်၏ ပေါ်တာဆွဲရာမှ ထွက်ပြေး လွတ်မြောက်လာသော အသက် ၂၃ နှစ်အရွယ် ကျော်ဇင်လင်း ဆိုသူက ” ရေချိုးဖို့ ဆပ်ပြာ မရှိဖူး၊ ဘာမှ အကူအညီမပေးဖူး၊ နေ့တိုင်း ထမင်းစားနိုင်ဖို့ ဖြေရှင်းနေရတယ်၊ တိရိစာ္ဆန်တွေလိုပဲ “ဟု ပြောကြားလိုက်သည်။

အောင်ကျော်သူ ( အသက် – ၂၆နှစ် ) ဆိုသူကလည်း ” ဒီမှာ နေရထိုင်ရတဲ့ အခြေအနေ သိပ်ခက်ခဲပါတယ်၊ ပြဿနာတွေ နေ့စဉ် အများကြီး ရှိပါတယ်၊ အဆိုးဆုံးက ကျန်းမာရေး ပြဿနာပါပဲ ဆရာဝန်တွေ့ခွင့် ဆေးကုသခွင့် မရခြင်းက အဆိုးဆုံးပါပဲ ” ဟု ဖြေကြား သွားခဲ့သည်။

ထို အကျိုးဆက်များမှာ မလေးရှားနိုင်ငံ အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွင်း လူကုန်ကူးမှုများမှာ မလေးရှား အစိုးရ အမှုထမ်းများ ပါဝင် ပတ်သက်နေသည်ဟု အမေရိကန်နိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှ ဧပြီလ အတွင်း မလေးရှားရဲများ နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများအား ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေကြောင်း ညွှန်းဆို လိုက်သဖြင့် ဖြစ်သည်ဟု မလေးရှားရောက် မြန်မာ အလုပ်သမားရေးရာ ဆောင်ရွက်နေသူ တဦးက ထောက်ပြ ပြောဆိုလိုက်သည်။

မလေးရှား နိုင်ငံတွင် ရဲဖမ်းခံရပြီီ ဆိုလျှင် မလေးရှား – ထိုင်းနယ်စပ်တွင် မလေးရင်းဂစ် ၆၀၀ ( ဒေါ်လာ ၁၇၀ ) ခန့်နှင့် လူကုန်ကူးသူ များထံ လက်လွှဲ ရောင်းချလေ့ရှိပြီး၊ ထို လူကုန်ကူးသူများမှ ဖမ်းဆီးခံထိသူများ မိမိတို့ လွတ်မြောက်လိုလျှင် ရင်းဂစ် ၂၀၀၀ ( ဒေါ်လာ ၅၇၀ ) ပြန်ရွေး၍ လွတ်မြောက်အောင် လုပ်ယူရသည်ဟု သိရှိရပြီး၊ ထိုမျှ ရွေးယူရန် ငွေ မရှိပါက လူကုန်ကူးသူများမှ ယောက်ျားဆိုလျှင် ထိုင်း ငါးခိုးဖမ်းလှေများ၊ အမျိုးသမီးများဆိုလျှင် ပြည့်တန်ဆာ လုပ်ငန်းများသို့ ရောင်းချလေ့ရှိသည် ဟု သိရှိရကာ၊ ယခင်လက ထိုလုပ်ငန်းများတွင် ပါဝင် ပါတ်သက်နေသော မလေးရှား ရဲအရာရှိ ၅ဦး ဖမ်းဆီး အရေးယူ ထားပြီဟု သိရှိရသည်။

မြန်မာကွန်မြူနတီမှ ခေါင်းဆောင်တဦး ပြောပြချက်အရ  မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီး တဦး ဖမ်းဆီးခံရပြီး ငွေကြေးပေး၍ ပြန်ရွေးယူမှု ( လွတ်မြောက်အောင် ) မစွမ်းဆောင်နိုင်လျှင် သေခြာပေါက် ပြည့်တန်ဆာ လုပ်ငန်းများသို့ ရောင်းချခံထိကြောင်း ထပ်လောင်း ပြောဆို လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here