ဟွန်းဒူးရပ် သမတဟောင်း ချီလီ သမတနှင့် သွားရောက် တွေ့ဆုံ

alt

အာဏာသိမ်း ခံထားရသည့် ဟွန်းဒူးရပ် သမတဟောင်း မန်နျူရယ် ဇီလာရာသည် ဩဂုတ်လ (၁၃)ရက် နေ့က ချီလီနိုင်ငံသို့ သွားရောက်ကာ ချီလီ သမတနှင့် တွေ့ဆုံခွင့် ရခဲ့ကြောင်း သိရသည်။

ချီလီ သမတ မစ်ချယ် ဘာချီလက်သည် ဇီလာရာအား လာမိုနီဒါ နန်းတော်တွင် လက်ခံ တွေ့ဆုံခဲ့ပြီး ဘာချီလက်က သူမသည် ဇီလာရာအား ဖိတ်ခေါ် ခဲ့ခြင်းဖြစ်ပြီး အာဏာ သိမ်းပိုက်ခဲ့သည့် ရော်ဘတ်တို မစ်ချယ်လက်တီ ဦးဆောင်သည့် ဟွန်းဒူးရပ် အစိုးရအား ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ဇီလာရာက ချီလီ အစိုးရသည် ၎င်းအနေနှင့် မတရား အာဏာ သိမ်းခံရခြင်း ဖြစ်ကြောင်း ပထမဦးစွာ ထုတ်ပြန် ကြေညာသည့် အစိုးရ ဖြစ်ကြောင်းလည်း ၀န်ခံခဲ့သည်။ ဇီလာရာသည် ဟွန်းဒူးရပ်သို့ ပြန်ရောက် နေသော်လည်း လက်ရှိ အာဏာရ အစိုးရက ၎င်းလက်သို့ တိုင်းပြည် အာဏာ ပြန်လွှဲပေးမည် မဟုတ်ကြောင်း အတိအလင်း ကြေညာထားခဲ့ပြီး ဖြစ်သည်။

ချီလီ နိုင်ငံခြားရေး ၀န်ကြီး မာရီယာနို ဖာနန်ဒက်စ်က ချီလီ နိုင်ငံအနေနှင့် ဟွန်းဒူးရပ်တွင် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးနှင့် ဇီလာရာ အာဏာ ပြန်ရရေး တို့အတွက် ကူညီလိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ချီလီနိုင်ငံက ဟွန်းဒူးရပ် ပြည်သူတို့ ရွေးချယ် တင်မြှောက်ထားသည့် တရားဝင် ရွေးကောက်ပွဲဝင် သမတမှာ ဇီလာရာ သာဖြစ်ကြောင်း အပြည့်အဝ ထောက်ခံသည် ဟုလည်း ဖာနန်ဒက်စ်က သတင်းထောက် များထံ ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here