နစ်မြုပ် သွားသော တွန်ဂါ စက်လှေပျက် ရှာဖွေတွေ့ရှိ

alt

နစ်မြုပ် သွားခဲ့သည့် တွန်ဂါ စက်လှေ ပျက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း ဩဂုတ်လ (၁၂)ရက် နေ့က ကြေညာ ချက် ထွက်ပေါ် လာခဲ့သော်လည်း ပျောက်ဆုံး နေသူ

(၉၃)ဦး၏ ကံကြမ္မာမှာ မျှော်လင့်ချက် အလွန်နည်း သွားပြီဟု တွန်ဂါ ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

အာရှီကာ မင်းသမီးဟု အမည် ပေးထားသည့် စက်လှေသည် ဩဂုတ် လ (၅)ရက် နေ့က နစ်မြုပ် သွားပြီး နောက် စက်လှေပျက်ကို တွန်ဂါ မြို့တော် နူကူအာလိုဖာ မှ အရှေ့မြောက်ဖက် (၈၅) ကီလိုမီတာ အကွာ ရေအောက် ကြမ်းပြင်တွင် တွေ့ရှိခဲ့ ခြင်းဖြစ်သည်။

တွန်ဂါ ရဲတပ်ဖွဲ့ အကြီးအကဲ ခရစ်ကီလေး က ဩဂုတ်လ (၁၂)ရက် နေ့တွင် သင်္ဘောပျက် အား မောင်းသူမဲ့ ရေငုပ်ယာဉ်ငယ် တစင်း၏ အကူအညီဖြင့် ရှာဖွေ နိုင်ခဲ့ကြောင်း အတည်ပြု ခဲ့သည်။

နယူးဇီလန် နိုင်ငံ ကာကွယ်ရေး တပ်မတော် မှ ရေငုပ်သမား များသည် ဩစတြေးလျ နိုင်ငံ၏ အကူအညီဖြင့် ရှာဖွေမှုများ ပြုလုပ် ခဲ့သော်လည်း ရေယာဉ် နစ်မြုပ်နေသည့် ရေအနက် အထိ မဆင်းနိုင် သဖြင့် မောင်းသူမဲ့ ရေငုပ်သင်္ဘော အကူအညီကို ရယူခဲ့ရခြင်း ဖြစ်သည်။

ရေယာဉ် နစ်မြုပ်ရာမှ အသက်ရှင် ကျန်ရစ်သူ (၅၄)ဦး ကိုသာ ကယ်တင်နိုင်သည် ဖြစ်ကြောင်း ထပ်မံ အတည်ပြု လိုက်သည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here