တိုင်ဝမ် မုန်တိုင်း ဒုက္ခသည်များ ရွှံ့ နွံများအောက် ပိတ်မိနေဆဲ

alt

ရာနှင့် ချီသော မုန်တိုင်းဒဏ်ခံ ဒုက္ခသည် များသည် ရွှံ့ နွံများ အောက်တွင် အရှင်လတ်လတ် ပိတ်မိ နေဆဲဟု ယုံကြည် ရကြောင်း တိုင်ဝမ်ရှိ ကယ်ဆယ်ရေး တပ်ဖွဲ့ များက ပြောကြားလိုက်သည်။

အမျိုးသား မီးသတ် ဦးစီးဌာန လက်အောက်ခံ အဖွဲ့ တခုဖြစ်သည့် သဘာဝ ဘေးဒဏ် ဖြေရှင်းရေး အဖွဲ့သည် တိုင်ဖွန်း မုန်တိုင်းကြီး မိုရာကော့၏ ဒါဏ်ကို အဆိုးရွားဆုံး ခံရပြီး ရွှံ့နွံများ ပြိုကျ ပိမိနေသည့် ဆီအိုလင်း ကျေးရွာမှ ပျောက်ဆုံး နေသူများသည် ယခုတိုင် အသက်ရှင် နေဆဲဟု ယုံကြည်နေသည်။

တိုင်ဝမ် စစ်တပ် ရဟတ်ယာဉ် များသည် လူထောင်ပေါင်း များစွာကို ရွှံ့နွံထူထပ်ရာ နေရာများမှ ဘေးကင်းရာသို့ ပို့ဆောင် ပေးနေသည့်တိုင် ဆီအိုလင်း ရွာ၏ ရွှံပြင်ကြီးများတွင် လူပေါင်း (၃၉၀)ကျော် ပိတ်မိ နေဆဲဟု ကယ်ဆယ်ရေး တပ်ဖွဲ့များက မျှော်လင့်ထားသည်။

နှစ်(၅၀) အတွင်း တိုင်ဝမ်တွင် အဆိုးရွားဆုံး ရေကြီးမှုကို ဖြစ်ပေါ် စေခဲ့သည့် မုန်တိုင်းကြီးကြောင့် တိုင်ဝမ်ပြည်သူ (၁၁၆)ဦး အထိ သေဆုံးကြောင်း အာဏာပိုင်များက သတင်း ထုတ်ပြန်ပြီး ဖြစ်သည်။ မုန်တိုင်းကြီးကြောင့် လမ်းများ၊ တံတားများ ပျက်စီးခဲ့သလို အဆောက်အအုံ အချို့လည်း ရေတွင်မျောပါ ပျက်စီးခဲ့ကြောင်း တိုင်ဝမ် သတင်းဌာနများက ကြေညာခဲ့သည်။

ဆီအိုလင်းမှ ဒေသခံ ရာနှင့်ချီမျှ ရွှေ့ပြောင်း ပေးသည့်တိုင် အမြောက်အမြား ပိတ်မိ နေဆဲဖြစ်သဖြင့် ရဲနှင့် စစ်တပ်များကပါ ပူးပေါင်း ရှာဖွေမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

မုန်တိုင်းကြောင့် ဆီအိုလင်း တရွာတည်း တွင်ပင် ပျက်စီးမှု တန်ဖိုး ဒေါ်လာ (၂၂၅)သန်းမျှ အနည်းဆုံး ရှိနိုင်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here