ဆန်းဒါးလန်း ကစားသမား သတ်မှတ် မိုင်နှုန်းကျော်မောင်းမှု လျှောက်လဲချက်ပေး

alt

၎င်းသည် ရဲကားကို လွတ်ရန် မောင်းပြေးခြင်း မဟုတ်ဘဲ နယူး ကာဆယ် ယူနိုက်တက် ပရိသတ်များက ရန်ပြုရန် လိုက်လာသည်ဟု ထင်သဖြင့်

ကြောက်လန့်ကာ အရှိန်တင် မောင်းနှင် ခြင်းဟု ဆန်းဒါးလန်း မှ ကွင်းလယ် ကစားသမား ဂရန့်လိဘစ်တာ က ရုံးတော်တွင် ထွက်ဆို ခဲ့သည်။

၎င်းအား သတ်မှတ် မိုင်နှုန်းထက် ကျော်ကာ ယာဉ်မောင်းမှုဖြင့် စစ်ဆေးစဉ် ဂရန့်က နောက်တွင် ကားတစင်း ပါလာသည်ကို မြင်ပြီးနောက် အလွန်အမင်း ထိတ်လန့် ခဲ့ကြောင်း၊ ထိုကားထဲတွင် မြို့ခံ ပြိုင်ဘက် အသင်း၏ ပရိသတ် တစု ပါလာသည်ဟု တွေးမိသဖြင့် အိမ်သို့ မြန်နိုင်သမျှ မြန်မြန် ပြန်မောင်း ခဲ့ကြောင်း ရုံးတော်တွင် လျှောက်လဲချက် ပေးခဲ့ခြင်း ဖြစ်သည်။

ရုံးတော်က တနာရီ (၁၁၂)မိုင် အထိ အရှိန်တင် မောင်းနှင်မှု၏ အကြောင်းရင်းကို မေးမြန်းရာ ဂရန့်က အထက်ပါ အတိုင်း ဖြေကြား သွားခြင်း ဖြစ်သည်။ ၎င်းသည် ညဘက် ထွက်လည်ရာမှ ပြန်လာစဉ် အမြန်မောင်း လာပြီးနောက် ယခု ပြဿနာမျိုး ကြံုလာရခြင်း ဖြစ်သည်။

တရားရုံးက ဂရန့်အား ဒဏ်ငွေ (၅၁၅)ပေါင် ချမှတ်ပြီး သီတင်းနှစ်ပါတ် ကားမောင်းခွင့် ပိတ်ထား လိုက်ကြောင်း သိရှိရသည်။ နယူးကာဆယ် နှင့် ဆန်းဒါးလန်း တို့သည် တမြို့ထဲတွင် အခြေစိုက်သည့် ဘောလုံးအသင်းများ ဖြစ်ပြီး အလွန်ခါးသီးသော ဒေသတွင်း ပြိုင်ဘက်များ အဖြစ် ရပ်တည်လျှက်လဲ ရှိနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here