မစ္စတာ ဂျွန်ဝီလျံ ယက်တော ပြန်လွတ် သွားပြီ

alt

အမေရိကန် အရှေ့အာရှ နှင့် ပစ္စဖိတ်ဒေသ၊ ဆီးနိတ် နိုင်ငံခြားရေးရာ ကော်မတီ ဗာဂျီးနီးယား ပြည်နယ်မှ ဒီမိုကရက်ပါတီ ဆီးနိတ် လွှတ်တော် အမတ် မစ္စတာ ဂျင်(မ်) ဝက်ဘ် ( U.S. Sen. Jim Webb ) နှင့်

မြန်မာ စစ်အစိုးရ အာဏာပိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံအပြီး စနေနေ့က အမေရိကန် နိုင်ငံသား အကျဉ်းသား ဂျွန်ဝီလျံ ယက်တော ( John William Yettaw )အား ပြည်နှင် ဒါဏ်ပေး၍ မြန်မာနိုင်ငံမှ ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် အတွင်းသို့ ခိုးဝင် ရောက်ခဲ့သော အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်တော ( အသက် – ၅၄ နှစ်) အား မြန်မာ စစ်အစိုးရမှ တနင်္ဂနွေ နေ့တွင် ပြည်နှင် ဒါဏ်ပေး၍ လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဆီနိတ်တာ ဂျင်(မ်)ဝက်ဘ်၏ ရုံးမှ တရားဝင် ထုတ်ပြန် ကြေညာ လိုက်သည်။

မစ္စတာ ဂျွန်ဝီလျံ ယက်တော မှာ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဆီနိတ်တာ ဂျင်(မ်)ဝက်ဘ် နှင့် အတူ စစ်လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက် သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။ လွန်ခဲ့သော အပါတ် အင်္ဂါနေ့က မြန်မာ စစ်အာဏာပိုင်များက ထောင် ရနှစ် ချမှတ်ခဲ့သော မစ္စတာ ဂျွန်ဝီလျံ ယက်တောမှာ ပန်းနာ ရင်ကြပ်နှင့် ဆီးချိုရောဂါ ခံစားနေရပြီး၊ အကျဉ်းထောင် ဆေးရုံတွင် ရက်အနည်းငယ်မျှ ဆေးကုသမှု ခံယူနေသူ ဖြစ်သည်။

ဆီနိတ်တာ ဂျင်(မ်)ဝက်ဘ်မှာ သောကြာနေ့ က ဒေါ်အောင်းဆန်းစုကြည် နှင့် မိနစ် ၄၀အကြာ ရန်ကုန် ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ အပြီး၊ မြန်မာစစ် အစိုးရ မြို့တော် နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမှူးပြုသော မြန်မာ စစ်ဖက် ထိပ်တန်း ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ခဲ့သေးသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here