အသက်အရွယ် ကြီးရင့်သူများ လက်ရှိ အခြေအနေကို ကျေနပ်ကြ ဟုဆို

alt

အသက်အရွယ် ကြီးရင့်သူ အများစု သည် ဘဝ သက်တမ်း တလျှောက် ဖြတ်သန်း ခဲ့သမျှတွင် သက်ကြီးပိုင်း ဘဝကို ပျော်ရွှင် ကျေနပ်မှု အရှိဆုံးဟု သိရှိ ရသည်။

အမေရိကန် စိတ်ပညာ ဆရာဝန်များက အသက် (၉၀)ကျော် ပုဂ္ဂိုလ်များကို မေးမြန်း စုံစမ်းမှုများ ပြုလုပ်ပြီး စာရင်း  ပြုစုခဲ့ရာ အပျော်ဆုံး အခိုက်အတန့် သည် လက်ရှိ ဖြတ်သန်း နေရသည့် သက်ကြီးပိုင်း အချိန် ဖြစ်ကြောင်း အများစုက ဖြေကြားခဲ့သည်။

အမေရိကန် စိတ်ပညာရှင်များ အသင်းက ကောက်ခံခဲ့သော စာရင်းတွင် အိုမင်းနေသည့် အဖိုးအဖွား အတော်များများက ကျန်းမာရေး၊ ငွေရေး ကြေးရေးနှင့် လူမှုဆက်ဆံရေး ပြောင်းလဲမှုစသည့် အခက်အခဲများ ရှိနေသည့်တိုင် အသက်ကြီးကြီး ဘဝတွင် ကျေနပ်ကြကြောင်း ဖော်ပြပါရှိသည်။

ပညာရှင်များက အသက်အရွယ် အလွန်ကြီး လာသည့်အခါ မိမိဘဝ တလျှောက် ဖြတ်သန်းခဲ့သည့် အတွေ့ အကြံုများအပေါ် အခြေခံကာ ဘဝကို ကျေနပ် နှစ်သိမ့်တတ်သော စိတ်မျိုး မွေးမြူလာနိုင်ပြီး အတိတ်က စွမ်းဆောင် ခဲ့မှုများ အတွက်လည်း ကျေနပ် ဂုဏ်ယူနေသဖြင့် အနေအထိုင် ငြိမ်းချမ်း အေးဆေးလာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။

ထို့အပြင် ထိုစိတ်မျိုး မွေးနိုင်ခြင်း ကပင် အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက် တခု ဖြစ်နေသဖြင့် (၂၀၃၀) ပြည့်နှစ် ရောက်ရှိပါက ကမာ္ဘပေါ်တွင် အသက်(၁၀၀)ထက် ကြီးသူ (၃၀၀၀၀)ကျော်မျှ ရှိနေမည် ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here