အချက်အပြုတ် လုပ်ငန်းများသည် စကားလက် ဂျိုဟန်ဆန် အတွက် အပမ်းဖြေမှု

alt

သူမ အတွက် အကောင်းဆုံး စိတ် အပမ်းဖြေနည်းမှာ သူမ ၀ါသနာပါသော အချက်အပြုတ် လုပ်ငန်းများကို ဆောင်ရွက် နေရခြင်းပင် ဖြစ်ကြောင်း စကားလက် ဂျိုဟန်ဆန်က ထုတ်ဖော် ပြောကြား လိုက်သည်။

နာမည်ကျော် ဟောလီးဝုဒ် ဇာတ်ဆောင်နှင့် အဆိုတော် မလေးက တနေ့တာ ပင်ပန်း နွမ်းနယ် လာသမျှကို ညနေစာ ချက်ပြုတ် စီစဉ်နေရသည့် အခါ မေ့သွား တတ်သည်ဟု ဆိုသည်။

အသက် (၂၄)နှစ်ရှိ မင်းသမီးက ထို အချိန်တိုင်းတွင် သူမ၏ အလုပ် တာဝန်များနှင့် စိတ်ဖိစီးမှုများကို မေ့နေတတ်ပြီး သာမန် ငြိမ်းချမ်းသော ဘဝကို ရရှိနေသည်ဟု ခံစားမိကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

စကားလက်က ရှုတင်တွင် နေရာစုံ လှည့်လည် သွားလာနေရပြီး ညည်းငွေ့စရာ နွမ်းနယ်မှုများ တွေ့ရကြံုရ သည့်တိုင် အိမ်ပြန် ရောက်ချိန်တွင် မီးဖိုဆောင်ဝင်ပြီး ပျော်ရွှင်စွာ ချက်ပြုတ် လိုက်ပါက ငယ်ဘဝသို့ ပြန်ရောက် သည့်နှယ် လန်းဆန်း သွားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

စကားလက် ကဲ့သို့ပင် ဟင်းချက် ၀ါသနာပါသော အခြား နာမည်ကျော် ဟောလီးဝုဒ် မင်းသမီး တလက်မှာ ဂျင်နီဖာ အင်နစ်စတန် ဖြစ်ပြီး သူမ သည်လည်း ကိုယ်တိုင်က အချက်အပြုတ် ၀ါသနာ ပါလွန်းသဖြင့် သူမ လက်ရာဖြင့် စားသောက်ဆိုင် တဆိုင်ပင် ဖွင့်လိုကြောင်း ပြောကြားခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here