Microsoft IE8 အွန်လိုင်း လုံခြုံရေးအတွက် စိတ်အချဆုံးဟု သတ်မှတ်ခံရ

alt

ကမာ္ဘပေါ်တွင် အသုံးပြု နေသော အင်တာနက် Browser များအနက် Microsoft ၏ IE8 သည် လုံခြံုရေး အတွက် စိတ်အချရဆုံး ဖြစ်ကြောင်း ဆိုက်ဘာ လုံခြံုရေး ကုမ္မဏီတခုက ကြေညာ လိုက်သည်။

NSS Labs သည် Browser များ၏ လုံခြံုရေးကို လေ့လာမှု (၂)ခုကို သီးခြားစီ ပြုလုပ်ပြီးနောက် Microsoft ၏ Browser ကို အကောင်းဆုံး အဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ဆုံး Update Version ဖြစ်သည့် IE8 ကိုသာ ဆိုလိုကြောင်း NSS က ဆိုသည်။

စမ်းသပ်မှုတိုင်း အတွက် IE8 ၏ စွမ်းဆောင်ရည်မှာ အထင်ကြီး လောက်စရာ ဖြစ်ကြောင်း NSS ၏ အစီရင်ခံ စာတွင် ဖော်ပြထားသည်။ လုံခြံုရေး အရ ခြိမ်းခြောက်မှု များတွင် မည်သည့် အရာများက ပိုအရေးကြီး သည်ကို မိမိတို့ စဉ်းစား သုံးသပ်ခဲ့ကြောင်း၊ IE8 သည် Malware ကဲ့သို့ အဖျက် အန္တရာယ်များကို တားဆီးနိုင် သလို Download လုပ်ရာတွင် ပါလာ တတ်သော Virus များကိုလည်း စီစစ် ပယ်ဖျက်ပေးနိုင်ကြောင်း NSS ကဆိုသည်။

ယခု ဖော်ပြချက်သည် Browser လောကတွင် Mozilla ၏ Firefox ကို တစထက်တစ လက်မြှောက် အရှုံးပေး လာရသည့် Microsoft အတွက် အားဆေး တခွက်သဖွယ် ဖြစ်လာခဲ့သည်။ ယခု လေ့လာမှုတွင် Browser အမျိုးမျိုးကို စမ်းသပ်ခဲ့ပြီး မတ်လမှ စတင် အကောင် အထည်ဖော် စူးစမ်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း NSS က ကြေညာသွားခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here