မိုက္ကရိုဆော့ဝပ် ရောင်းချမှု အမေရိကန် တရားရုံးမှ ပိတ်ပင်တားမြစ် လိုက်ပြီ

alt

Microsoft အနေနှင့် ၎င်းတို့၏ နာမည်ကျော် MS Word Software ကို အမေရိကန်တွင် ကြာရှည်စွာ ရောင်းချခွင့် မရနိုင်တော့ပေ။

တက္ကဆက်စ် အရှေ့ပိုင်း ခရိုင်တရားရုံးက MS Word သည် မူပိုင်ခွင့် ချိုးဖောက်မှုများ အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ် ပြီးနောက် ဒေါ်လာ သန်း(၃၀၀)နီးပါး ပေးဆောင်ရန်နှင့် ရက်ပေါင်း (၆၀)အတွင်း MS Office 2003 နှင့် MS Office 2007 တို့ အမေရိကန်တွင် ရောင်းချခွင့် ရပ်ဆိုင်းရန် စီရင်ချက် ချမှတ် လိုက်သည်။

ယခု စီရင်ချက်သည် ကနေဒါ အခြေစိုက် i4i ကုမ္မဏီအတွက် အောင်ပွဲတခု ဖြစ်ခဲ့ပြီး ထိုကုမ္မဏီသည် Microsoft က ၎င်းတို့၏ Software တခုကို ခွင့်မတောင်းဘဲ MS Word တွင်သုံးစွဲ ခဲ့သောကြောင့် တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

XMLသည် i4i မှ (၁၉၉၈) ခုနှစ်တွင် ထုတ်လုပ်ထားသော Programming Language တခုဖြစ်ပြီး Microsoft က ၎င်းကို MS Word ၏ စာရေးခြင်း၊ ဖတ်ခြင်းစသော Feature များအတွက် အသုံးပြု ထားခြင်းဖြစ်သည်။ တရားရုံး ဆုံးဖြတ်ချက် အရ Microsoft ၏ ပြည်ပ အခြေစိုက် စက်ရုံများမှ Office Version များကိုလည်း အမေရိကန်သို့ တင်သွင်းခွင့် ရရှိမည် မဟုတ်တော့ပေ။

Microsoft ကမူ တရားရုံး၏ စီရင်ချက် အပေါ် မကျေနပ်ဘဲ အယူခံ ၀င်သွားရန် စီစဉ်နေကြောင်းနှင့် ၎င်းတို့တွင် အပြစ် မရှိသည်ကို သက်သေပြရန် ကြိုးပမ်းမည် ဖြစ်ကြောင်း တုန့်ပြန် ကြေညာထားလိုက်ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here