ဘာစီလိုနာတွင် ပြန်ကစားလိုဟု အီတူး ပြောကြား

alt

အခွင့်အရေး ရသော တနေ့တွင် ဘာစီလိုနာ အတွက် ပြန်ကစား လိုကြောင်း ဆမ်မြူရယ် အီတူးက ပြောကြား လိုက်သည်။ ယခုအခါ အီတလီ ချန်ပီယံ အင်တာမီလန်တွင် အခြေကျ ပျော်ရွှင် နေသော်လည်း

၎င်း၏ ရင်ထဲတွင် အမြဲရှိနေမည့် ဘာစီလိုနာ အတွက် တချိန်ချိန်တွင် ပြန်လည် ကိုယ်စားပြုခွင့် ရရေး မျှော်လင့်မိကြောင်း ကင်မရွန်း လက်ရွေးစင် တိုက်စစ်မှူးက ဆိုသည်။

ဘာစီလိုနာသည် ၎င်းအချစ်ဆုံး အသင်းလည်း ဖြစ်သည်ဟု ဘာစီလိုနာ၏ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အတွက် ကစားဖူးသူ အီတူးက ထုတ်ဖော် ပြောဆိုလိုက်သည်။ အီတူးသည် အင်တာမီလန် နည်းပြ ဟိုဆေး မော်ရင်ညို နှင့် အတူတွဲပြီး အလုပ်လုပ်ရသည်ကို ရင်ခုန် ပျော်ရွှင် မိသည်ဟုလည်း ဆိုသည်။ မော်ရင်ညိုကြောင့် အင်တာတွင်လည်း မိမိ၏ခြေစွမ်းကို အပြည့်အဝ ပြသနိုင်မည်ဟု မျှော်လင့်ကြောင်း အီတူးက ပြောကြားခဲ့သည်။

ဘာစီလိုနာ သည် မိမိအား ဥရောပ ချန်ပီယံဘွဲ့ကို ရယူ ဆွတ်ခူးနိုင်သည့် ကစားသမား ဖြစ်စေခဲ့သလို ကမာ္ဘ့အဆင့် တိုက်စစ်မှူး တဦး အဖြစ်လည်း တွန်းတင်ပေးခဲ့ကြောင်း အသက် (၂၈)နှစ်ရှိ အီတူးက ဆိုသည်။ ၎င်းအနေနှင့် ဘာစီလိုနာသို့ ပြန်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့သော်လည်း အင်တာနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် မိမိမှာ အသက်(၃၃)နှစ် ရှိနေမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here