ခံတွင်း ကင်ဆာ ဖြစ်ရခြင်း အရက် သောက်ခြင်းကြောင့် ဟုဆို

alt

ခံတွင်း ကင်ဆာ ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး အရက် သောက်ခြင်းကို ပညာရှင် များက အပြစ်တင် လိုက်ကြသည်။

ဗြိတိန် နိုင်ငံတွင် (၁၀)နှစ် အတွင်း ခံတွင်း ကင်ဆာ ဖြစ်ပွားမှု (၂၆) ရာခိုင်နှုန်း အထိ မြင့်တက် လာခြင်း အပေါ် ကျွမ်းကျင်သူများက လေ့လာ ခဲ့ပြီးနောက် အရက်သောက်သည့် အလေ့အထ အတွက် အဖြစ်များခြင်းဟု ဖော်ထုတ် တွေ့ရှိခဲ့သည်။

ဗြိတိန်တွင် (၁၉၅၀) ပြည့်လွန် နှစ်များနှင့် နှိုင်းယှဉ်ပါက အရက် သောက်သုံးမှုသည် (၂)ဆမျှ မြင့်တက် လာနေကြောင်း ဗြိတိန် ကင်ဆာ သုတေသန ဌာနမှ ကြေညာသည်။ ခံတွင်း ကင်ဆာကြောင့် နှစ်စဉ် ဗြိတိန် နိုင်ငံသား (၁၈၀၀)ကျော် သေဆုံး နေရသလို ရောဂါ ဖြစ်ပွားသူ အရေအတွက် မှာလည်း နှစ်တိုင်းနှစ်တိုင်း (၅၀၀၀) ၀န်းကျင်မျှ တိုးပွားလျှက် ရှိသည်။

အရက်သည် ခံတွင်း ကင်ဆာ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်း တခု ဖြစ်သလို အခြားအချက် များမှာလည်း မာကြောသော အစားအသောက် များကို သုံးဆောင် လွန်ခြင်းနှင့် လိင် ဆက်ဆံရာမှ ကူးစက်တတ်သည့် HPV ခေါ် ဗိုင်းရပ်စ် တမျိုးတို့ကြောင့် ဖြစ်တတ်ကြောင်း သိရှိရသည်။

ထို ဗိုင်းရပ်စ်သည် အမျိုးသမီးများတွင် သားအိမ် ခေါင်းကင်ဆာ ကိုလည်း ဖြစ်စေနိုင်ပြီး၊ အရက်ကြောင့် ခံတွင်းကင်ဆာ အဖြစ်များသည့် လူနာများတွင် အမျိုးသား များသာမက အမျိုးသမီး အရေအတွက်ပါ သိသိသာသာ တိုးတက် လာခြင်းမှာမူ ကောင်းသော အလားအလာ မဟုတ်ကြောင်း သုတေသီ အဖွဲ့မှ ဒေါက်တာ ဟေဇယ်လန်း က သုံးသပ် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here