အင်္ဂလိပ် ရေလက်ကြားတွင် ကုန်တင်သင်္ဘော ထူးဆန်းစွာ ပျောက်ဆုံး

alt

အင်္ဂလိပ် ရေလက်ကြားတွင် ထူးဆန်း စွာ ပျောက်ဆုံး သွားသည့် ကုန်တင် သင်္ဘောကြီး နှင့် ပတ်သက်သော ကံကြမ္မာကို ယခုတိုင် မသိရှိ ရသေးပေ။

အာတိတ် ပင်လယ်ဟု အမည် ပေးထားသည့် မော်လတာ နိုင်ငံတွင် မှတ်ပုံ တင်ပြီး ရုရှားက ပိုင်ဆိုင်သည့် သဘောင်္ကြီးသည် ဆာဘီးယား လူမျိုး သင်္ဘောသား (၁၅)ဦးနှင့် အတူ လွန်ခဲ့သော (၂)ပါတ်က ပျောက်ဆုံး သွားခြင်း ဖြစ်သည်။

ဥရောပနိုင်ငံ အစိုးရများနှင့် ရေတပ် အာဏာပိုင်များသည် ရေယာဉ်ကြီး ပျောက်ဆုံးရာ နေရာအနီး အမျိုးမျိုးသော စက်ကိရိယာများ၊ ခေတ်မီ နည်းလမ်းများနှင့် ရှာဖွေရန် ကျွမ်းကျင်သူများ စေလွှတ် ခဲ့သော်လည်း သင်္ဘောကြီးအား အစအနမျှ မမြင်ရ သေးပေ။

သင်္ဘော နစ်မြုပ်ကြောင်း အထောက်အထားလည်း မတွေ့ ရသလို သင်္ဘောတွင် တပ်ဆင်ထားသည့် ရေကြောင်း အချက်ပြ ခေတ်မီ စနစ်များမှ သတင်း မပို့ခြင်း အတွက်လည်း အံ့ဩ နေကြသည်။ ပင်လယ် ဓားပြများ၏ လက်ချက်ဟု ယူဆရန် ဆိုပါကလည်း ယခု အချိန်ထိ ပြန်ပေးငွေ တောင်းခံခြင်းမျိုး မရှိသဖြင့် တာဝန်ရှိသူများ စဉ်းစားမရ ဖြစ်နေကြသည်။

ထို့ကြောင့်လည်း တန်ချိန် (၄၇၀၀) သယ်ယူနိုင်သည့် သင်္ဘောကြီးသည် သစ်များကို တင်ဆောင်ကာ ဩဂုတ် (၃)ရက်နေ့ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်သန်း နေစဉ် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ မခန့်မှန်း နိုင်ပေ။ ရုရှား စစ်တပ်သည် ရေလက်ကြား အတွင်း ရှာဖွေရန် ရေငုပ်သင်္ဘော (၂)စင်းနှင့် တိုက်သင်္ဘော (၆)စင်းကို အင်္ဂလိပ် ရေလက်ကြား၊ ဂျီဘရော်တာ နှင့် ပေါ်တူဂီ ကမ်းလွန် ဒေသများသို့ စေလွှတ်ခဲ့ပြီး သင်္ဘောအား လိုက်လံ ရှာဖွေရန် တာဝန် ပေးထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here