ကန် အစိုးရ၏ စီးပွားရေး အကြပ်အတည်း ဖြေရှင်းမှု ကျူးဘား ခေါင်းဆောင် စောင့်ကြည့်နေ ဟုဆို

alt

ကမာ္ဘ့စီးပွားရေး အကြပ်အတည်း နှင့် ပတ်သက်ပြီး အမေရိကန် အစိုးရ၏ ကိုင်တွယ် ဖြေရှင်းမှုများကို မိမိ စောင့်ကြည့် နေကြောင်း ကျူးဘား ခေါင်းဆောင် ဖီဒရယ် ကက်စထရို က

၎င်း၏ မွေးနေ့တွင် ကြေညာချက် ထုတ်ပြန် လိုက်သည်။

ကွန်မြူနစ် ခေါင်းဆောင်ကြီးသည် ဩဂုတ်လ (၁၃)ရက် နေ့က အသက် (၈၃)နှစ် တင်းတင်း ပြည့်မြောက် ခဲ့ပြီ ဖြစ်သော်လည်း ကျန်းမာရေး ကောင်းမွန် နေဟန် ရှိကြောင်း ထိုနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြခဲ့သည့် ၎င်း၏ ဓာတ်ပုံများတွင် တွေ့ရှိနိုင်သည်။

(၂၀၀၈) ခုနှစ်က ကက်စထရိုသည် ကျန်းမာရေးကြောင့် အသက် (၇၈)နှစ်ရှိ ညီဖြစ်သူ ရောအား အရိုက်အရာ လွှဲပေးဖွယ် ရှိကြောင်း သတင်းကြီး ခဲ့သေးသည်။

ကျူးဘား ခေါင်းဆောင်ကြီးက အချို့ သူများသည် ကမာ္ဘ့ စီးပွားရေးနှင့် ပတ်သက်ပြီး အကောင်းမြင်မှုများ ရှိနေသေးကြောင်း၊ ထို ကိစ္စအတွက် မိမိအနေနှင့် ထင်မြင်ချက် မပေးလိုသော်လည်း အမေရိကန်၏ မူဝါဒများတွင် အားနည်းချက်များ ရှိနေသဖြင့် တည်ငြိမ်မှု ရရှိလာစေရန် အချိန်ကြာဦးမည် ထင်ကြောင်း မွေးနေ့ အထိမ်းအမှတ် Essay အဖြစ် ရေးသား ဖော်ပြခဲ့သည်။

ထို့အပြင် ကျူးဘား နိုင်ငံအနေနှင့် မိမိတို့၏ ကာကွယ်ရေး မူဝါဒကို ဆက်လက် ထိန်းသိမ်းကာ မိမိဦးဆောင်မှုဖြင့် ဆက်လက် ချီတက်သွားဦးမည် ဖြစ်ကြောင်း ခေါင်းဆောင်ကြီး ရေးသားထားသည့် Essay ကို နိုင်ငံပိုင် သတင်းစာများက ဖော်ပြခဲ့သည်။

ကက်စထရို သည် (၂၀၀၆)ခုနှစ်၊ ဇူလိုင်လမှ စပြီး လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း မရှိတော့သဖြင့် ၎င်း၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ခန့်မှန်းချက် အမျိုးမျိုး ပေါ်ပေါက် နေခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here