ဂီတကို ချစ်စိတ်ဖြင့် အေမီဝိုင်းဟောက် ဘဝသစ် ပြန်စနိုင်ဟု အကိုဖြစ်သူ ပြောကြား

alt

အမ်မီဝိုင်းဟောက် အနေနှင့် ဂီတကို မြတ်နိုးသော စိတ်ကြောင့် ဘဝကို အသစ် ပြန်စရန် ကြိုးပမ်း လိမ့်မည်ဟု မိမိ မျှော်လင့်ကြောင်း သူမ၏ အစ်ကိုက ပြောကြား လိုက်သည်။

အဲလက်(စ်) ၀ိုင်းဟောက်က ညီမ ဖြစ်သူသည် အရက်၊ မူးယစ်ဆေးဝါး တို့တွင် နှစ်မြောနေသလို ခင်ပွန်းသည် ဘလိတ်ဖီဒါဆီဗီ နှင့်လည်း ကွာရှင်း ပြီးနောက် စိတ်ဓာတ် ကျနေသော်လည်း မကြာမီတွင် အကောင်းဘက်သို့ ဦးတည် လာမည်ဟု ထင်ကြေး ပေးခဲ့သည်။

Rehab အဆိုတော်သည် ပြဿနာ ရှာရာတွင် နာမည်ကြီးပြီး ဂီတ အရည်အသွေး ကြောင့်ရော၊ ရမ်းကားတတ်သည့် စရိုက်ဆိုး ကြောင့်ပါ ကျော်ကြား ခဲ့သူလည်း ဖြစ်သည်။ အသက် (၂၅)နှစ် ရှိပြီဖြစ်သည့် အမ်မီသည် ယခုအခါ အယ်လ်ဘမ် အသစ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဟု ဆိုသည်။

အမ်မီသည် စိန့်လူးဝစ်ကျွန်းတွင် အပန်းဖြေ ခရီးထွက်ပြီး ပြန်လာချိန်မှ စကာ ဂီတဘက်သို့ ပြန်လည် အာရုံနှစ်မြှုပ်နိုင်ရန် အားထုတ်လျှက် ရှိကြောင်း၊ ထို့ကြောင့် သူမ ဘဝသည် တကျော့ပြန် ကောင်းမွန် လာမည်ဟု မျှော်လင့်နိုင်ကြောင်း အဲလက်(စ်) က ပြောကြားလိုက်သည်။

ထို့အပြင် အမ်မီသည် ငယ်ဘဝက ပျော်ပျော်နေပြီး သိမ်မွေ့သည့် မိန်းကလေး တဦးသာဖြစ်ပြီး စိတ်လက် အေးဆေးသွားချိန်တွင် ထိုကဲ့သို့ ဘဝမျိုး ပြန်ရောက် လာနိုင်သည်ဟု ညီမဖြစ်သူအား ခန့်မှန်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here