ဟွန်ဒူးရပ်(စ်) သမတ ဟောင်းအား ထောက်ခံ သူများနှင့် ရဲတပ်ဖွဲ့ အကြား အဓိကရုဏ်း များဖြစ်

alt

အာဏာ သိမ်းခံရသည့် ဟွန်းဒူးရပ် သမတ မန်နျူရယ် ဇီလာရာ ကို အားပေး ထောက်ခံသူ များနှင့် ရဲများကြား အဓိကရုဏ်းများ ဆက်လက် ပေါ်ပေါက် နေဆဲဖြစ်ကြောင်း သိရှိ ရသည်။

ဇီလာရာ သည် ဟွန်းဒူးရပ်သို့ ပြန်လည် ရောက်ရှိ လာပြီးနောက် ၎င်းကို ထောက်ခံသူ များနှင့် စစ်တပ်က ထောက်ခံသော လက်ရှိ ကြားဖြတ် အစိုးရအား ထောက်ခံသူ များကြား ပဋိပက္ခမှာ ပိုမို ကြီးထွား လာခဲ့သည်။

ဆန္ဒပြသူ များသည် မြို့တော် တီဂူဆီဂယ်ပါ လမ်းမ များပေါ်သို့ ဩဂုတ်လ (၁၂)ရက် နေ့က ထွက်လာ ကြပြီးနောက် အဆောက်အအုံ မှန်ပြူတင်းပေါက်များကို ရိုက်ခွဲပြီး ဆူပူ သောင်းကျန်းသဖြင့် ရဲများက လူစုခွဲရန် ကြိုးစားရာ အပြန်အလှန် တိုက်ခိုက်မှု အချို့ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။

ဇွန်လ (၂၈)ရက် နေ့က အာဏာသိမ်း ခံရသည့် ဇီလာရာအား ထောက်ခံ ဆန္ဒပြသူ (၅၀)ကျော်ကို ရဲများက ဖမ်းဆီး ထားသော်လည်း နောက်ထပ် ဆန္ဒပြမှုများ ဖြစ်ပေါ်လာမည့် အလားအလာများ ရှိနေသေးကြောင်း သိရှိရသည်။ စီးပွားရေး အချက်အခြာ ကျသည့် မြို့ကြီး တခုဖြစ်သော ဆန်ပီဒရို ဆူလာ တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရာ ဟွန်းဒူးရပ် နှင့် ဘော်လုံးကစားရန် ရောက်ရှိနေသည့် ကော်စတာရီကာ ဘောလုံးအသင်း တည်းခိုနေသော ဟိုတယ်အနီး လမ်းများကို ဆန္ဒပြသူများက ပိတ်ဆို့ ခဲ့သဖြင့် ရဲများက မီးခိုးဗုံးများ၊ ရော်ဘာ ကျည်ဆန်များ အသုံးပြုကာ ဖြိုခွဲ ခဲ့ရသေးသည်။

ဟွန်းဒူးရပ်တွင် ဖြစ်ပွားနေသော သဘောထား ကွဲလွဲမှုများသည် ဒေသတွင်း မတည်ငြိမ်မှု ဆီသို့ ဦးတည်လာမည်ကို အလယ်ပိုင်း အမေရိကား နိုင်ငံ အစိုးရများက စိုးရိမ်လျှက် ရှိနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here