တရုတ် မုန်တိုင်းကြောင့် ရွှံ့နွံများ အတွင်း သေဆုံးသူ ပမာဏ မခန့်မှန်း နိုင်သေး

alt

ရွှံ့နွံများ အတွင်း နစ်မြုပ် သေဆုံး သွားသည့် လူဦးရေ ပမာဏကို မခန့်မှန်း နိုင်သေးကြောင်း ထိုင်ဝမ် ရဲတပ်ဖွဲ့က ပြောကြား လိုက်သည်။

တရုတ်၊ ဖိလစ်ပိုင် နှင့် ထိုင်ဝမ် တို့တွင် ၀င်ရောက် တိုက်ခတ် သွားသည့် မိုရာကော့ တိုင်ဖွန်း မုန်တိုင်း ကြီးကြောင့် ရေကြီးပြီး မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ ထိုင်ဝမ်ရှိ ဒေသအချို့ တို့တွင် ရွှံနွံများ ဖုံးလွှမ်းမှုကြောင့် ရွာလုံးကျွတ် ပျောက်ကွယ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

တောင်ပိုင်းရှိ ရှီလင်း၊ ဆီချန်း ရွာများမှ ကယ်တင်ခြင်း ခံရသော ရွာသားများသည် ယခုတိုင် ပျောက်ဆုံး နေဆဲဖြစ်သည့် လူရာပေါင်း များစွာသည် သေဆုံးကုန်ပြီဟု ယူဆ နေကြသည်။ ထိုသူများ၏ ကံကြမ္မာကို မည်သို့မျှ မခန့်မှန်း နိုင်ကြောင်း ရဲဖက်မှ ပြောရေး ဆိုခွင့်ရှိသူ ပုဂ္ဂိုလ် တဦးက ပြောကြား လိုက်သည်။

သို့သော်လည်း ထူထပ်စွာ နစ်မြုပ်နေသည့် ရွှံ့တော များထဲမှ အသက်ရှင် ကျန်ရစ်သူများကို ကယ်ဆယ်ရေး ၀န်ထမ်းများက စတုတ္ထမြောက် နေ့အဖြစ် ကြိုးစား ရှာဖွေနေဆဲဟု သိရှိရသည်။ မိုရာကော့သည် တိုင်ပေနိုင်ငံ၏ နှစ်(၅၀) သက်တမ်း အတွင်း အကြီးမားဆုံး မိုးရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း အစိုးရက ကြေညာလိုက်သည်။

အင်အား ပြင်းထန်သော မုန်တိုင်းကြီးကြောင့် လူပေါင်း (၁.၅)သန်းကို အချိန်မီ ရွှေ့ပြောင်း ပေးနိုင်ခဲ့သော်လည်း ယခု အချိန်ထိ တရုတ်၊ တိုင်ပေနှင့် ဖိလစ်ပိုင်မှ လူပေါင်း (၉၃)ဦးထိ သေဆုံးကြောင်း အတည်ပြုခဲ့သလို (၁၀၀၀၀)ကျော် မှာလည်း ပျောက်ဆုံး နေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here