တချိန်က ရော်နယ်ဒင်ညို အစား စီရော်နာဒိုကို ခေါ်ယူခဲ့ခြင်းဟု ဖာဂူဆန် ဖွင့်ဟ ပြောကြား

alt

ရော်နယ်ဒင်ညို အား ထိုစဉ်က ခေါ်ယူ ဖြစ်ခဲ့ပါက ခရစ်စတီယာနို ရော်နာဒို သည် မန်ချက်စတာ ယူနိုက်တက် သို့ ရောက်လာ စရာ အကြောင်း မရှိဟု ယူနိုက်တက် အသင်း နည်းပြကြီး ဆာ အဲလက် ဖာဂူဆန်က ပြောကြားလိုက် သည်။

ဖာဂူဆန်သည် ဘရာဇီး လက်ရွေးစင် ရော်နယ်ဒင်ညို ပြင်သစ်ကလပ် ပဲရစ် စိန့်ဂျာမိန်း တွင် ကစားနေစဉ် ကမ်းလှမ်းရန် ပြင်ဆင် ခဲ့သော်လည်း ဘာစီလိုနာက ကြားဖြတ် ခေါ်ယူသွားခဲ့ခြင်း ဖြစ်သည်။

ဒေးဗစ် ဘက်ခမ်းအား ရီးရဲလ် မက်ဒရစ်သို့ ရောင်းချ ခဲ့ပြီးနောက် ညာတောင်ပံ တိုက်စစ်အတွက် အဓိက အစားထိုးမှု အဖြစ် ရော်နယ်ဒင်ညိုအား ကြိုးပမ်း ခဲ့သော်လည်း အဆင်မပြေ သဖြင့် အသက် (၁၈)နှစ်သာ ရှိသေးသော ပေါ်တူဂီ လူငယ်လေး ရော်နာဒိုအား စပို့တင်း လစ္စဘွန်းမှ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

(၂၀၀၃) ခုနှစ်က ယူနိုက်တက်သို့ ပြောင်းရွှေ့ကြေး ပေါင်(၁၂) သန်းဖြင့် ရောက်ရှိလာသော ရော်နာဒိုသည် အထက်မြက်ဆုံး ခြေစွမ်းကို ရရှိလာ ပြီးနောက် အင်္ဂလန် ကလပ်အသင်း တခုတွင် ကစားနေရင်း ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမား ဆုကို ရရှိသော ပထမဆုံး ကစားသမားတဦး ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ရီးရဲလ် မက်ဒရစ်သို့ ကမာ္ဘ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)ဖြင့် ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ အေစီမီလန်တွင် လက်ရှိ ကစားနေသော ရော်နယ်ဒင်ညိုသာ ယူနိုက်တက်သို့ ပြောင်းရွှေ့ ဖြစ်ခဲ့ပါက ရော်နာဒိုုသည် မည်သို့မျှ ယူနိုက်တက် ကစားသမား ဖြစ်ခွင့် ရလာမည် မဟုတ်ဟု ၀န်ခံခဲ့သည်။ ထို့အပြင် ရော်နာဒိုအား စာချုပ် ခေါ်ယူလိုက် ပြီးနောက် ၎င်းမျှော်လင့်ထားသည် ထက်ပင် အောင်မြင်မှု ရရှိခဲ့သေးကြောင်း ဖာဂူဆန်က ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here