အဘူဆာယက်နှင့် တိုက်ခိုက်မှု ဖိလစ်ပိုင် တောင်ပိုင်း တိုက်ပွဲများ ပြင်းထန်နေ

alt

ဩဂုတ်လ (၁၂)ရက် နေ့က ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ကြီးမားသည့် တိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံး များပြားကြောင်း ဖိလစ်ပိုင် စစ်တပ်က ကြေညာ လိုက်သည်။

မွတ်ဆလင် သူပုန်များနှင့် အစိုးရ စစ်တပ်အကြား တိုက်ခိုက်ခဲ့သော စစ်ပွဲတွင် အနည်းဆုံး (၄၅)ဦးမျှ သေဆုံးပြီး စစ်သည်(၂၃)ဦး ကျဆုံးကာ သူပုန်များ ဘက်မှ (၂၂)ဦးထက် မနည်း သေဆုံးကြောင်း သိရှိရသည်။  အဘူဆာယက် သူပုန်များ ၏ ခံတပ်စခန်း တည်ရှိရာ တောင်ပိုင်း ဘာဆီလင် ကျွန်းသို့ ၀င်ရောက် တိုက်ခိုက်စဉ် ယခုကဲ့သို့ ထိခိုက် ကျဆုံးမှု များပြားခဲ့ခြင်း ဖြစ်ကြောင်း စစ်တပ်မှ ဗိုလ်မှူးချုပ် ရက်တီကို ဂွါရီယိုက သတင်းထောက်များအားူ ပြောကြားလိုက် ခြင်း ဖြစ်သည်။

စစ်ဆင်ရေး အတွက် စနစ်တကျ စီမံကိန်းများ ရေးဆွဲကာ သတင်း မပေါက်ကြားအောင် ဆောင်ရွက် ခဲ့ကြောင်း၊ သို့သော်လည်း အလွန် တောင့်တင်းသော ခံစစ်ကြောင်းနှင့် ရင်ဆိုင် ခဲ့ရပြီးနောက် ယခုလို အထိနာ ခဲ့ခြင်းဟု ဂွာရီယာက ရှင်းပြခဲ့သည်။ ဘာဆီလင် စစ်မြေပြင်သို့ ရောက်ရှိနေသည့် နောက်တန်း ခံစစ်ကြောင်းမှ ကွပ်ကဲရေးမှူး အလက်ဇန်း ဒါးပါမာက သူပုန်(၄၀)မျှ ကျဆုံးမည်ဟု ယူဆကြောင်း သို့သော်လည်း တိုက်ပွဲ ပြီးဆုံးချိန်တွင် သူပုန်အလောင်း (၂၀)ကျော် ကိုသာ လက်ရ ယူနိုင်ခဲ့ကြောင်း အတည်ပြု ပြောဆိုလိုုက်သည်။

စစ်ပွဲမှာ ပြင်းထန်လှ သဖြင့် အနီးကပ် လှံစွပ်ထိုး တိုက်ခိုက်မှုများ အထိ ဖြစ်ပွားခဲ့ကြောင်း ပါမာက ရိုက်တာ သတင်းဌာနသို့ ပြောကြားသွားခြင်း ဖြစ်သည်။ အဘူဆာယက် အဖွဲ့သည် မနီလာရှိ ဖိလစ်ပိုင် အစိုးရလက်မှ လွတ်မြောက်ရေး အတွက် တိုက်ခိုက်နေသည့် မွတ်ဆလင် အကြမ်းဖက် အဖွဲ့များအနက်  အန္တရာယ် အကြီးဆုံးဟု ဖိလစ်ပိုင် စစ်တပ်က သတ်မှတ် ထားကြရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here