ငလျင်လှုပ်မှုနှင့် ကြုံတွေ့ကာ ဂျက်ဆီကာ ဆင်ဆမ် ကြောက်ရွံ့ခဲ့ ဟုဆို

alt

ဂျပန်ငလျင် လှုပ်သည့် အချိန်က သူမ အလွန် ကြောက်ရွံ့ နေခဲ့မိကြောင်း ဂျက်ဆီကာ ဆင်ဆမ်က ၀န်ခံ လိုက်သည်။

အဆိုတော် နှင့် ဟောလီးဝုဒ် မင်းသမီးဖြစ်သူ ဂျက်ဆီကာ သည် ဂျပန်သို့ ရောက်ရှိနေပြီး သူမ၏ The Price of Beauty အမည်ရှိ TV Show ကို ရိုက်ကူးနေစဉ် ပြင်းအား ရစ်ချ်တာ စကေး အဆင့် (၆.၆) ရှိသော ငလျင် လှုပ်ခတ်မှုကို မျက်ဝါးထင်ထင် ကြံုတွေ့ ခဲ့ရသည်။

သူမသည် ထိုကဲ့သို့သော အခြေ အနေမျိုး ဘဝတွင် တခါမှ မကြံုဖူး သေးသဖြင့် အလွန် တုန်လှုပ် ခဲ့မိကြောင်း၊ ငလျင် လှုပ်စဉ်က သူမ သည် အိပ်ယာထဲ လှဲကာ CNN သတင်းကို ကြည့်ရှု နေခဲ့ကြောင်း ဂျက်ဆီကာက  သူမ၏ Twitter ၀ဘ်ဆိုဒ်တွင် ရေးသားထားသည်။

ငလျင်ကြောင့် ထိတ်လန့်တကြား ဖြစ်ခဲ့ရသည့် Celebrity များမှာ ဂျက်ဆီကာ တဦးတည်း မဟုတ်သေးချေ။ အဆိုတော် ဘီယွန်းဆေး သည်လည်း ညီမဖြစ်သူ ဆိုလန်ဂီနှင့် ဂျပန်နိုင်ငံသို့ ရောက်ရှိနေရာ ဩဂုတ်လ (၁၁)ရက် နေ့က ဖြစ်ပွားခဲ့သော ငလျင် လှုပ်ခတ်မှုကြီးနှင့် ကြံုတွေ့ ခဲ့သေးသည်။

ထိုငလျင် နှင့် ပတ်သက်ပြီး ဘီယွန်းဆေးလည်း အလွန် တုန်လှုပ်ခဲ့ကြောင်း ဆိုလန်ဂီ ကပါ Twitter တွင် ဖော်ပြခဲ့သည်။ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဆူနာမီ ရေလှိုင်း သတိပေးချက်ကို ထုတ်ပြန် ခဲ့သော်လည်း သေဆုံးမှုနှင့် ကြီးမားသော ပျက်စီး ဆုံးရှုံးမှုများ မရှိခဲ့ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here