အ အိပ်မက်သူများ အသက်ကြီးလျှင် အယ်ဇိုင်းမား ဖြစ်နိုင်ချေမြင့်

alt

တစ်နေ့လျှင် (၈)နာရီ ထက်ပို အိပ်သူများသည် အသက်အရွယ် ကြီးရင့် လာပါက အယ်ဇိုင်းမား ရောဂါ စွဲကပ် လာနိုင်ခြေ သာမန်ထက် (၂)ဆမျှ မြင့်မားကြောင်း သုတေသီ များက ပြောကြား လိုက်သည်။

ထို့အပြင် မနက်ပိုင်း များတွင် အိပ်ယာမှ နိုးသော်လည်း ချက်ချင်း မထဘဲ ဇိမ်ခံ နေတတ်သည့် အလေ့အကျင့် သည်လည်း ထိုရောဂါအား လက်ယပ် ခေါ်နေသည်နှင့် အတူတူပင် ဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးသည့်တိုင် ဇိမ်နှင့် ဆက်အိပ် နေခြင်းသည် စိတ်ဖိစည်းမှု တိုးမြင့် လာခြင်းနှင့်လည်း ဆက်စပ်နေကြောင်း သိရသည်။ စပိန်နိုင်ငံ၊ မက်ဒရစ် တက္ကသိုလ် ဆေးရုံမှ ဆရာဝန် များသည် အသက် (၆၅)နှစ် အထက် အမျိုးသမီး၊ အမျိုးသား (၃၂၈၆)ဦး၏ နေထိုင်ပုံ အလေ့အထ များကို လေ့လာ ကြည့်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့ ဖြတ်သန်းလာသည့် နေထိုင်ပုံ အလေ့အထများနှင့် ကျန်းမာရေး အခြေအနေ ဆက်စပ်မှုကို (၃)နှစ်မျှ အချိန်ယူကာ သုတေသန ပြုလုပ် ခဲ့ပြီးနောက် ယခု ရလဒ်ကို ဖော်ထုတ် နိုင်ခဲ့ခြင်းဟု ဆိုသည်။ အယ်ဇိုင်းမား ရောဂါ ရရှိလာ သူများသည် မနက်ပိုင်းတွင် အချိန်ကြာကြာ အိပ်စက် သူများနှင့်ရော၊ နေ့လယ်ပိုင်းတွင် အိပ်ချိန်ကြာသည့် သူများပါ ဖြစ်နိုင်ခြေ ပိုမို မြင့်မားတတ်ကြောင်း ဗြိတိန်နိုင်ငံ အယ်ဇိုင်းမား ဆိုင်ရာ ဆေးပညာ အဖွဲ့မှ ဒေါက်တာဆူဇန် ဆိုရင်ဆင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူတဦးသည် အိပ်ချိန်ကို ညီညွှတ် မျှတသည့် အတိုင်းအတာ မျှသာ ယူသင့်ကြောင်း၊ အလွန်အကျွံ အိပ်စက်ခြင်းသည် ဦးနှောက် ကျန်းမာရေး အတွက် အဘက်ဘက်မှ မသင့်တော်ကြောင်း ဒေါက်တာဆူဇန်က ရှင်းလင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here