Charlies’s Angel တတိယပိုင်းတွင် ကင်မရွန်းဒီရက်စ် ဆက်လက် ပါ၀င်လို

alt

ကင်မရွန်း ဒီရက်စ်က သူမသည် Charlie’s Angels ဇာတ်ကား တတိယ ပိုင်းတွင် ဆက်လက် သရုပ်ဆောင်ခွင့် ရရှိလိုကြောင်း ထုတ်ဖော် ၀န်ခံ လိုက်သည်။

လူစီလူး၊ ဒရူးဘယ်ရီမိုး တို့နှင့်အတူ တွဲဖက် သရုပ်ဆောင်ခွင့် ရရှိခဲ့ခြင်း အပေါ် ရင်ခုန်ကြောင်း ဒီရက်စ် ကဆိုသည်။ (၂၀၀၀) ပြည့်နှစ်နှင့် (၂၀၀၃) ခုနှစ် တို့တွင် ရုံတင်ခဲ့သော Charlie’s Angels ဇာတ်ကား (၂)ကားလုံး အထိုက်အလျှောက် အောင်မြင်မှု ရရှိခဲ့ပြီးနောက် (၂၀၁၀) တွင် တတိယမြောက် ဇာတ်ကားကို ရိုက်ကူးဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်နေရာ ဒီရက်စ်က ယခုကဲ့သို့ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Ace Showbiz နှင့် အင်တာဗျူးတွင် သူမ အနေနှင့် ထိုဇာတ်ကားသို့ တကျော့ပြန် ပါ၀င်ခွင့်ရမည့် အခြေအနေ အပေါ် ပျော်ရွှင်စွာ ကြိုဆိုကြောင်း၊ Charlie’s Angels တွင် သရုပ်ဆောင်ခွင့် ရရှိခြင်းမှာ သူမ ဘဝ၏ မှတ်တိုင်တခုဟု ယုံကြည်ထားကြောင်း ဒီရက်စ်က ပြောကြား သွားခဲ့သည်။

ဇာတ်ကား ထုတ်လုပ်သူ နန်စီဂျူဗိုနန် က မိန်းမချော (၃)ဦး၏ စွန့်စားခန်းများကို အသားပေးထားသည့် ဇာတ်ကားကို တတိယပိုင်း ဆက်ရိုက်နိုင်ကြောင်း အရိပ်အမြွက် ပြောဆို ထားသော်လည်း ဇာတ်ကားကို တာဝန်ယူသည့် McG ကမူ ထို ဇာတ်ကားများကို ဆက်လက် ရိုက်ကူးတော့မည် မဟုတ်ကြောင်း ကြေညာထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here