ဘောင်းဘီရှည် ဝတ်သဖြင့် ကြိမ်ဒဏ်ခံ ဆူဒန်အမျိုးသမီး နိုင်ငံရပ်ခြား သွားခွင့်မရ

alt

ဘောင်းဘီရှည် ၀တ်မိသဖြင့် ကြိမ်ဒဏ် အချက်(၄၀) ချမှတ် ခံရသော ဆူဒန် အမျိုးသမီး သတင်းထောက်ဟောင်းအား နိုင်ငံရပ်ခြားသို့ ခရီးသွားခွင့် မပြုရန် ဆူဒန် အာဏာပိုင်များက ပိတ်ပင် လိုက်ကြောင်း သိရှိသည်။

လူဘနာဟူစိန် က သူမကို ခရီးထွက်ခွင့် လုံးဝ မပေးတော့ဟု အာဏာပိုင် များက တားမြစ်ခဲ့ကြောင်း ဩဂုတ်လ (၁၁)ရက် နေ့က ထုတ်ဖော် ပြောဆိုလိုက်သည်။ သူမသည် လက်ဘနွန်သို့ ထွက်ခွာရန် ပြင်ဆင် ခဲ့သော်လည်း အစိုးရက ဗီဇာတွင် သူမ၏ အမည်ကို Blacklist အဖြစ် ဖော်ပြ ထားကြောင်း တွေ့ရှိခဲ့ရသည်။

လူဘနာသည် လက်ဘနွန် ရုပ်မြင်သံကြား ဌာနတခုမှ ကမ်းလှမ်းခဲ့သော အစီအစဉ် တခုအတွက် သွားရောက်ရန် ဖြစ်သော်လည်း အစိုးရက တားမြစ် ထားခဲ့သည်။ လူဘနာသည် အခြားအမျိုးသမီး (၁၂)ဦး နှင့်အတူ စားသောက်ဆိုင် တခုအတွင်း ရှိနေစဉ် ဘောင်းဘီရှည် ၀တ်မှုဖြင့် ရဲများ၏ ၀င်ရောက် ဖမ်းဆီးမှုကို ဇူလိုင်လ အတွင်း ကြံုတွေ့ ရပြီးနောက် ကြိမ်ဒဏ်(၄၀) ချမှတ် ခံခဲ့ရသည်။

သူမက ဘောင်းဘီရှည် ၀တ်ခြင်းသည် ဘာသာရေး စည်းမျဉ်းများအား ချိုးဖောက်သည် ဆိုသော စွပ်စွဲချက်ကို ရဲရဲတောက် တုန့်ပြန် ခဲ့ပြီးနောက် နိုင်ငံအတွင်း အမျိုးသမီး အခွင့်အရေး အဖွဲ့များ၏ သူရဲကောင်း သဖွယ် ရပ်တည် လာနိုင်သူလည်း ဖြစ်သည်။

သူမ၏ ရှေ့နေကမူ အစိုးရ တာဝန်ရှိသူများက ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုမှ ၀န်ထမ်းအဖြစ် ဆောင်ရွက်နေသည့် လူဘနာအား အာမခံ အနေအထားဖြင့် လွှတ်ထားခြင်းဖြစ်သောကြောင့် နိုင်ငံရပ်ခြား သွားလာခွင့်မပြုဟု အကြောင်းပြခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here